www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 8, 2015

မန္တလေးဓာတ်ပုံအသင်းမှ ကြီးမှူး၍ သင်္ကြန်လှပျိုဖြူဓာတ်ပုံပြိုင်ပွဲ ကျင်းပ


မန္တလေး ၊ ၈-၄-၂၀၁၅

မန္တလေး ဓာတ်ပုံအသင်းမှ ကြီးမှူး၍ လပတ်ပွဲစဉ် (၁/၂ဝ၁၅) 'သင်္ကြန်လှပျိုဖြူ' ဓာတ်ပုံပြိုင်ပွဲ ကို ဧပြီ ၇ ရက် နံနက်ပိုင်းက မန္တလေး ကန်တော်ကြီး ဥယျာဉ် အတွင်း၌ ကျင်းပပြုလုပ်ရာ ဓာတ်ပုံအသင်း ဥက္ကဋ္ဌ ဦးစောအောင်မင်း (နယူး အာရှ)၊ ဒုတိယ ဥက္ကဋ္ဌ ဦးဖရန်ကီ ထွန်းတင်၊ အတွင်းရေးမှူး ဦးသီဟဝင်း နှင့် အမှုဆောင်များ၊ ဓာတ်ပုံ အသင်းဝင် အသင်းသား၊ အသင်းသူ ၅ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင် ရိုက်ကူးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မော်ဒယ် သရုပ်ဆောင် မယမင်း နှင့် မပန်းဖြူဖြူ တို့က ကူညီ ဆောင်ရွက် ပေးကြရာ ဓာတ်ပုံ အသင်းသား၊ အသင်းသူများက ယှဉ်ပြိုင် ရိုက်ကူးကြသည်။

ပြိုင်ပွဲကို အကြီးတန်းပြိုင်ပွဲ နှင့် အငယ်တန်းပြိုင်ပွဲ အဖြစ် သတ်မှတ်ထားပြီး ဆုကြေးငွေနှင့် အတူ လစဉ် အမှတ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (093)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger