www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 6, 2015

မြန်မာလူငယ်များ စာဖတ်ခြင်း အလေ့အကျင့် ပိုမိုတိုးတက်လာစေရန် စာအုပ်အညွှန်းဝက်ဘ်ဆိုက် လွှင့်တင်မည်


ရန်ကုန် ၊ ၆-၄-၂၀၁၅

ပြည်တွင်းရှိ လူငယ်များ အနေဖြင့် စာဖတ်ခြင်း အလေ့အထ အားနည်းလျက် ရှိရာ စာဖတ်သည့်  အလေ့အထ ပိုမိုတိုးတက် လာစေရန် Myanmar Book စာအုပ်အညွှန်း ဝက်ဘ်ဆိုက်ကို လွှင့်တင်သွားမည် ဖြစ်ကြောင်း Myanmar Link သင်တန်းကျောင်းမှ အုပ်ချုပ်သူ ကိုစိုးသီဟနောင် က ပြောသည်။

''လူငယ်တွေကြားမှာ စာဖတ်တဲ့ အလေ့အထ မြင့်တက် လာစေဖို့ စာအုပ်အညွှန်း ဝက်ဘ်ဆိုက်ကို လုပ်တာပါ။ စာဖတ်တဲ့နှုန်း လျော့လာတာ မကောင်းဘူး'' ဟု ၄င်းက ဆက်လက် ပြောသည်။

လူငယ်များ အနေဖြင့် စာဖတ်သည့် အလေ့အထ လျော့ကျလာရုံမျှ သာမက စာပေအပေါ် ချစ်မြတ်နိုးစိတ် လျော့နည်းလျက် ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာဖတ် စွမ်းအားကို မြှင့်တင်နိုင်ခြင်း မရှိပါက ယခု အချိန်တွင် အများတကာထက် ကျန်နေခဲ့ လိမ့်မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

''သင်တန်းမှာ လာတဲ့ လူငယ်တွေကို မေးကြည့်တဲ့ အခါ လူ ၂ဝ လောက်မှာ တစ်ယောက် နှစ်ယောက် လောက်ပဲ စာကို ပုံမှန် ဒါမှမဟုတ် နည်းနည်းဖတ် ကြတယ်။ ဒီလို စာဖတ်နည်း လာတာဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ မြင်ပါတယ်'' ဟု ၄င်း က ဆက်လက် ပြောသည်။

Myanmar Book စာအုပ်အညွှန်း ဝက်ဘ်ဆိုက်တွင် စာအုပ်များကို အညွှန်းများ ရေးသား ဖော်ပြသွားမည် ဖြစ်ပြီး စာအုပ် ဖတ်သူများ အချင်းချင်း လမ်းညွှန်နိုင်ရန် ဆောင်ရွက် ပေးထားမည်ဖြစ်ကာ ယင်း ဝက်ဘ်ဆိုက်ကို ဧပြီလအတွင်း လွှင့်တင်နိုင်ရန် ဆောင်ရွက် နေကြောင်း ကိုစိုးသီဟနောင် က ပြောသည်။

ပြည်တွင်းတွင် ပုံမှန်ဖြန့်ချိ နေသည့် စာအုပ်များသည် အုပ်ရေ ၅ဝဝဝ ခန့်အထိသာ ရိုက်နှိပ် ထုတ်ဝေနေပြီး လူဦးရေနှင့် နှိုင်းယှဉ်ကြည့် ပါက စာဖတ်နှုန်း အလွန်ပင် နည်းပါးနေကြောင်း ပညာရှင် များက သုံးသပ်ကြသည်။

မောင်မျိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger