www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 3, 2015

စာမတတ်သူများပြားသည့် မြို့နယ် ၃၀ တွင် အခြေခံပညာ စာတတ်မြောက်ရေး စာသင်ဝိုင်းများကို စတင် သင်ကြားပေး



ရန်ကုန် ၊ ၃-၄-၂၀၁၅

ပညာရေး သုတေသန ဦးစီးဌာနက ၂ဝ၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် လိုက်လံ ကောက်ခံ ထားသည့် စာရင်းများ အရ အသက် ၁၅ နှစ်အထက် စာမတတ်သူ များပြားသည့် မြို့နယ် ၃ဝ ကို ရွေးချယ်ကာ ဧပြီ ၁ ရက်မှ စတင်၍ အခြေခံပညာ စာတတ်မြောက်ရေး စာသင်ဝိုင်း များကို သင်ကြား ပေးလျက် ရှိကြောင်း အမှတ် (၁) အခြေခံ ပညာဦးစီး ဌာနမှ သိရသည်။

အခြေခံပညာ စာတတ်မြောက်ရေး စာသင်ဝိုင်း များကို စာမတတ်သူ ဦးရေ များပြားသော မြို့နယ် ၃ဝ တွင် ၄၅ ရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၂၈ ခုမှ လုပ်အားပေး ကျောင်းသား ၃ဝ၇၁ ဦး၊ ကြီးကြပ်ဆရာ ၃၁ဝ ဦးနှင့် ဒေသခံဆရာ၊ ဆရာမ ၃၁ဝ ဦးတို့ ပူးပေါင်း၍ မြို့နယ် ၃ဝ အတွင်း စာသင်ဝိုင်း ပေါင်း ၃ဝ၇၁ ဝိုင်း ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်မည့် မြို့နယ် ၃ဝ မှာ မြစ်ကြီးနား၊ ရွှေကူ၊ ဘော်လခဲ၊ မြဝတီ၊ မင်းတပ်၊ ခန္တီး၊ အရာတော်၊ မြင်းမူ၊ ကျွန်းစု၊ ပဲခူး၊ သဲကုန်း၊ ပန်းတောင်း၊ မလှိုင်၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ ပွင့်ဖြူ၊ အောင်လံ၊ သံဖြူဇရပ်၊ မြေပုံ၊ မာန်အောင်၊ သာကေတ၊ မောက်မယ်၊ ညောင်ရွှေ၊ နမ္မတူ၊ သိန်းနီ၊ တာချီလိတ်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဟင်္သာတ နှင့် ပျဉ်းမနား မြို့နယ်တို့ ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် သက်ဆိုင်ရာ ဝန်ကြီးချုပ် များက ဖွင့်ပွဲများ ပြုလုပ်ကာ စာသင်ဝိုင်းများ စတင်နေပြီ ဖြစ်သည်။ 

အခြေခံပညာ စာတတ်မြောက်ရေး စာသင်ဝိုင်းများကို ၂ဝ၁၃ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် စတင်ခဲ့ပြီး ယခုနှစ်တွင် ပြုလုပ်သည့် အခြေခံပညာ စာတတ်မြောက်ရေး လှုပ်ရှားမှုမှာ တတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger