www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 4, 2015

တာချီလိတ်မြို့နယ် ၊ ဟုန်ပန်း ရော်ဘာခြံအနီးမှ ရှမ်းလွယ်အိတ် နှင့် ထည့်ထားသော ရှေ့ထွက် ကြီးကြပ်မိုင်း တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိသည့် ရှေ့ထွက် ကြီးကြပ်မိုင်း နှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၄-၄-၂၀၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၊ ဝမ်ကျောက်လုံ ကျေးရွာ၊ ဟုန်ပန်း ရော်ဘာခြံ အနီး၌ မသင်္ကာဖွယ် ရှမ်းလွယ်အိတ် တစ်လုံး တွေ့ရှိကြောင်း သတင်းပေးပို့ချက် အရ တပ်မတော် စစ်ကြောင်းက ဧပြီ ၁ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက် ရှင်းလင်းခဲ့ရာ အမေရိကန် နိုင်ငံလုပ် ရှေ့ထွက် ကြီးကြပ်မိုင်း တစ်လုံး၊ လျှပ်စစ် စနက်တံ တစ်ခု၊ ၁၅ဝ ပေအရှည် ဝါယာကြိုး တစ်ခွေ၊ ဖောက်ခွဲ စက်ခလုတ် တစ်ခု နှင့် အသုံးပြုလမ်းညွှန် စာရွက် တစ်ရွက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိသည်။

အဆိုပါ သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်း များအား လုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ အပ်နှံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger