www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 26, 2015

အာဆီယံနိုင်ငံများ အချင်းချင်း ဗီဇာကင်းလွတ်ခွင့်ပြုရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဆွေးနွေးလျက်ရှိ


ရန်ကုန် ၊ ၂၆-၃-၂ဝ၁၅

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ နိုင်ငံများ အချင်းချင်း ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာ နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့နှင့် ဆွေးနွေးလျက် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဗီဇာ ကင်းလွတ်ခွင့် အနေဖြင့် မြန်မာနိုင်ငံ သည် ခြောက်နိုင်ငံနှင့် သဘောတူညီမှု ရယူထားပြီး ဗီဇာ ကင်းလွတ်ခွင့် ရသော နိုင်ငံတို့မှာ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နှင့်ဘရူနိုင်း နိုင်ငံတို့ ဖြစ်ကြောင်း၊ ယင်း သဘောတူညီမှု ရထားသော ခြောက်နိုင်ငံမှ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ များကို ဗီဇာ ကင်းလွတ်ခွင့် အဖြစ် ၁၄ ရက် အလည် အပတ် ဗီဇာ သဘောမျိုး ခွင့်ပြု ထားကြောင်း၊ ထို သတ်မှတ်ရက်ထက် ကျော်လွန်ပါက နိုင်ငံအတွင်း နေထိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ ထပ်မံ လျှောက်ထား ပါကလည်း ပြည်တွင်း၌ လက်ခံမည် မဟုတ်ဘဲ ပြည်ပ၌သာ နေထိုင်ပြီး ထပ်မံ လျှောက်ထားခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆွေးနွေးနေမှုများ အောင်မြင်ပါက နောက်ပိုင်းတွင် အာဆီယံ နိုင်ငံများအတွင်း ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍသည်လည်း ပိုမိုတိုးတက်လာ စေမည် ဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားများ၏ ပြောကြားချက် အရ အာဆီယံ နိုင်ငံများအတွင်း ထိုင်း နိုင်ငံသည် ဗီဇာရရှိရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ တစ်ဦးချင်း လျှောက်ထားလျှင် အလွန် ခက်ခဲပြီး ဗီဇာအတွက် ပိုင်ဆိုင်မှု အထောက်အထား များနှင့် Show Money ပြရကြောင်း၊ ဗီဇာ ကင်းလွတ်ခွင့် ရှိလာပါက ပြည်တွင်းမှ သွားရောက်သူများ အတွက်လည်း ပိုမို အဆင်ပြေ စေရန် ရည်ရွယ်ညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ခရီးသွား လည်ပတ်မှု တိုးတက်လာခြင်း အပေါ် အခြေခံကာ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ တိုးတက်ရေးကို အထူး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ခရီးသွား
လုပ်ငန်းများနှင့် ပတ်သက်သော ပြင်ဆင်ရမည့် အချက်များနှင့် လျှော့ပေါ့ရမည့် အချက်များကို လုပ်ဆောင် နေကြောင်း၊ လက်ရှိတွင် အွန်လိုင်းဗီဇာ ဖြစ်သည့် e-Visa စနစ်ကိုလည်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ
စတင် အသုံးပြုကာ ဝင်ရောက်ခွင့်ပြု ခဲ့ကြောင်း၊ ယင်း e-Visa စနစ် စတင် အသုံးပြုချိန် မှစ၍ ဆိုက်ရောက် ဗီဇာဖြင့် မြန်မာနိုင်ငံ အတွင်းသို့ လာရောက်သူ နည်းပါးသွားကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger