www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

စက္ကူလက်မှတ်များ နေရာတွင် ကုတ်စနစ်သုံး လက်မှတ်များဖြင့် မြို့ပတ်ရထားဘူတာ ၁၅ ခု၌ စတင်အသုံးပြုမည်



ရန်ကုန် ၊ ၁ဝ-၃-၂ဝ၁၅

ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသည့် မြို့ပတ် ရထားများ၌ အသုံးပြု နေသော စက္ကူလက်မှတ်များ နေရာတွင် ကုတ်စနစ်သုံး လက်မှတ်များဖြင့် ဘူတာ ၁၅ ခု၌ စတင် အသုံးပြု သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။

ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် Internet Wallet ကုမ္ပဏီမှ ဆောင်ရွက်မည့် အဆိုပါစနစ်ကို ရန်ကုန် ဘူတာကြီး၊ ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ လှော်ကား၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ မလွှကုန်း၊ ပုဇွန်တောင်၊ တိုးကြောင်ကလေး၊ သင်္ဃန်းကျွန်း ဘူတာတို့၌ မတ်လ ကုန်တွင် စတင် ရောင်းချနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

လက်ရှိ အသုံးပြုနေသည့် လက်မှတ်များကို ခရီးသည် တချို့က လက်လွှဲ၍ အကြိမ်ကြိမ် အသုံးပြု စီးနင်းနေကြောင်း၊ ကုတ်စနစ် အသုံးပြု ထားသည့် လက်မှတ်များကို အသုံးပြုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယင်း လက်မှတ်မှာ  သာမန် လက်မှတ်ထက် တစ်ဆင့်မြှင့်ထားပြီး ဘားကုတ်စနစ် ပါဝင်မည် ဖြစ်ကာ ဘားကုတ်များကို လက်မှတ်စစ် များက Scanner ဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ခရီးစဉ် တစ်ကြောင်းလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်မည် ဖြစ်ကြာင်း မြန်မာ့ မီးရထား ခရီးသည်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ နည်းပညာ သစ်ဖြင့် လက်မှတ်များကို စတင်ရောင်းချမည် ဖြစ်သော်လည်း ဘားကုတ်ပါသည့် လက်မှတ်များကို ရောင်းချနိုင်ခြင်း မရှိသေးသည့် ဘူတာများတွင် စက္ကူလက်မှတ် များကိုသာ ဆက်လက် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့မီးရထား ခရီးသည် ဌာနမှ သိရသည်။

ထို့အပြင် ရန်ကုန် ဘူတာကြီး၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း ဘူတာများမှ လွဲ၍ ကျန်ဘူတာ များတွင် လက်မှတ်များ သိမ်းဆည်း နိုင်ခြင်း မရှိသောကြောင့် အသွားအပြန် ခရီးစဉ်အတွက် လက်မှတ်ခကို ငွေကျပ် ၁ဝဝ အစား ခရီးစဉ် တစ်ကြောင်းလျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ကောက်ခံ ခဲ့ကြောင်း မြန်မာ့ မီးရထားမှ ထုတ်ပြန် ထားကြောင်း သိရသည်။ (၄၄ရ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger