www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 3, 2015

၂၀၁၄-၂၀၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသင်းလိုက် (အကျောပေး) ပထမဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းအား ဆုချီးမြှင့်စဉ်

နေပြည်တော် ၊ ၃-၂-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဆုများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများ နှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စတင် ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က ကျင်းနှင့် အနီးဆုံး ရိုက်ချက်ဆု၊ လိုင်းနှင့် အနီးဆုံး ရိုက်ချက်ဆု များအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က Most Par,Most Birdie, Most Eagle, Longest Drive ဆုများနှင့် ကွင်းအလိုက် တစ်ဦးချင်း (အကျောပေး၊ အကျောမဲ့) အကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

၎င်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က တစ်ဦးချင်း (အကျောပေး၊ အကျောမဲ့ )ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား လည်းကောင်း၊ အသင်းလိုက် (အကျောပေး) ပြိုင်ပွဲများတွင် ဒုတိယဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) အသင်း နှင့် တတိယဆု ရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် အသင်းတို့အား လည်းကောင်း၊ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲများ တွင် ဒုတိယဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) အသင်းနှင့် တတိယဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အသင်းတို့အား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အသင်းလိုက် (အကျောပေး၊ အကျောမဲ့) ပြိုင်ပွဲများတွင် ပထမဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းအား ဆုများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ မြဝတီ တေးဂီတအဖွဲ့ က တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger