www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသ အဓိကဆက်သွယ်ရေးလမ်းကြောင်းများ တိုက်ခိုက်ရှင်းလင်း



နေပြည်တော် ၊ ၂၀-၂-၂၀၁၅

ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင်ဒေသ၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်း များကို ဖြတ်တောက်၍ လောက်ကိုင်မြို့အား ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက် ရှိရာ တပ်မတော် စစ်ကြောင်းများက လမ်းကြောင်းများ တစ်လျှောက် နယ်မြေ ရှင်းလင်းခြင်းဆောင်ရွက် ရာမှ ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်စစ်ကြောင်းများနှင့် ချင်းရွှေဟော်-လောက်ကိုင် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ပါစင်ကျော်တစ်ဝိုက်တွင် နှောင့်ယှက် တိုက်ခိုက်ပိတ် ဆို့လျက်ရှိသည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များနောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ထို့အတူ ကုန်းကြမ်း-လောက်ကိုင်လမ်းကြောင်းရှိ (၁၈) မိုင်လမ်းဆုံတစ်ဝိုက်တွင် ယာယီခံစစ်ယူ အခြေပြု ထားသော ကိုးကန့်သောင်းကျန်းသူ အဖွဲ့အား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် ရှင်းလင်းလျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် လောက်ကိုင်မြို့နယ်အနီးတစ်ဝိုက် လှုပ်ရှား လျက်ရှိသော ကိုးကန့်သောင်းကျန်းသူ အင်အားစုများနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိစစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့၍ ခုနစ်ဦးဒဏ်ရာရရှိခဲ့ကာ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အလောင်းနှစ်လောင်း၊ လက်နက်ငယ် ခုနစ်လက်နှင့် ခဲယမ်း ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger