www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 23, 2015

မြန်မာ့သစ်မွှေး ပြည်ပသို့တင်ပို့ခွင့်ရရန် ညှိနှိုင်းမှု အောင်မြင်ပါက ထိုင်း စင်ကာပူ ဂျပန်နှင့် တရုတ်(တိုင်ပေ) တို့သို့ သစ်မွှေးတင်ပို့ နိုင်တော့မည်



ရန်ကုန် ၊ ၂၃-၂-၂ဝ၁၅

မြန်မာ့သစ်မွှေး ကို ပြည်ပသို့ တင်ပို့ခွင့် ရရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး သဘောတူညီမှု ရရှိပါက ထိုင်း၊ ဂျပန်၊ စင်ကာပူနှင့် တရုတ်(တိုင်ပေ) တို့သို့ တင်ပို့ နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း(ဗဟို)မှ သိရသည်။

လက်ရှိတွင် မြန်မာ့ သစ်မွှေးမျိုး များမှာ နိုင်ငံတကာတွင် စိုက်ပျိုးသော သစ်မွှေးမျိုး များထက် အရည်အသွေး ပို၍ ကောင်းမွန် သော်လည်း တရားဝင် တင်ပို့ခွင့် မရရှိသေးသည့် အတွက် မှောင်ခို ဈေးကွက်တွင် ဈေးအနှိမ်ခံ ရောင်းချ နေရကာ တရားဝင် ရောင်းချ ခွင့်ပြုရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းတို့  ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိရာ မကြာမီ တရားဝင် တင်ပို့ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့သစ်မွှေး ကို စင်ကာပူ၊ ဂျပန်၊ တရုတ် (တိုင်ပေ) တို့မှ သစ်မွှေး ကုန်သည်များ ကိုယ်စားလှယ် များက ဈေးနှိမ် ဝယ်ယူမှု ရှိပြီး မြစ်ကြီးနား မှ ထွက်ရှိသော သစ်မွှေးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့သို့ အဓိက တင်ပို့ရောင်းချ နေရကြောင်း သိရသည်။

မြန်မာ့သစ်မွှေး ပြည်တွင်း ပေါက်ဈေးသည် လက်ရှိတွင် သစ်မွှေး ၁ ကီလိုဂရမ် လျှင် ငွေကျပ် သိန်း၂ဝဝ မှ သိန်း ၃ဝဝ အထိ ပေါက်ဈေးရှိပြီး မြန်မာ့သစ်မွှေး ကို ဂျပန်နိုင်ငံ မှ သစ်မွှေး ၁ ကီလိုဂရမ် လျှင် ငွေကျပ် သိန်း ၂ဝဝ ဝန်းကျင်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် သစ်မွှေးစိုက် ဧက ငါးထောင် ဝန်းကျင်ရှိပြီး အပင် အရေအတွက် မှာ သိန်း ၅ဝ ဝန်းကျင်ရှိ၍ မျိုးသုဉ်းမည့် အန္တရာယ် မရှိတော့ သဖြင့် တရားဝင် တင်ပို့ခွင့် ရရှိရန် စိုက်ပျိုးသူ တို့က လိုလားကြသည်။

ထို့အပြင် ရန်ကုန်မြို့၌ သစ်မွှေး အရောင်းစင်တာကို ပထမဆုံး အနေဖြင့် မကြာမီတွင် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပြီး ပြည်တွင်း၌ ထွက်ရှိသည့် သစ်မွှေးထွက် ပစ္စည်းမျိုးစုံကို ခင်းကျင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ 

(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger