www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 3, 2015

အာရှထုတ်လုပ်မှု စွမ်းအားဆိုင်ရာ အဖွဲ့ APO အဖွဲ့ဝင်နိုင်အဖြစ် မြန်မာနိုင်ငံ ပါဝင်မည်


ရန်ကုန် ၊ ၃-၂-၂၀၁၅

အာရှ ထုတ်လုပ်မှု စွမ်းအားဆိုင်ရာ အဖွဲ့ (Asia Productivity Organization -APO) အဖွဲ့ဝင် နိုင်ငံအဖြစ် မြန်မာနိုင်ငံ ပါဝင်သွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အာရှ ထုတ်လုပ်မှု စွမ်းအားဆိုင်ရာ အဖွဲ့ (Asia Productivity Organization -APO) တွင် အာရှနှင့် ပစိဖိတ်ဒေသ မှ အဖွဲ့ဝင် နိုင်ငံပေါင်း ၂ဝ ပါဝင်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာ အကူ အညီများ ပံ့ပိုး ကူညီပေးခြင်း၊ လူ့ စွမ်းအား အရင်းအမြစ် တိုးတက်ရေး အတွက် သင်တန်းများ ပေးလျက် ရှိခြင်းနှင့် အဖွဲ့ဝင် နိုင်ငံများ၏ လယ်ယာ ထွက်ကုန်များ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် ဂျပန်နိုင်ငံ၌ အခြေစိုက် ဖွင့်လှစ် ထားကြောင်း သိရသည်။

လယ်ယာလုပ်ငန်း အခြေခံ နိုင်ငံများ၏ လယ်ယာကဏ္ဍ တိုးတက် ပြောင်းလဲလာမှု ကို လေ့လာ ဆန်းစစ်ပါက ဝန်ကြီးဌာန တစ်ခု သို့မဟုတ် ပုဂ္ဂလိက အသင်းအဖွဲ့ တစ်ဖွဲ့ အနေဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင် ကြခြင်းမရှိဘဲ ဦးဆောင် ဝန်ကြီးဌာန နှင့် ဆက်စပ် ဝန်ကြီးဌာန များ၊ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအဖွဲ့များ၊ စားသောက်ကုန် လုပ်ငန်းရှင်များ၊ ဒေသ အဖွဲ့အစည်းများ၊ တောင်သူ လယ်သမားများ စုပေါင်း၍ လုပ်ဆောင် ခဲ့ကြခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသီ ဒေါက်တာ ဝင်းထွန်း က ပြောသည်။

ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် လယ်ယာ ကဏ္ဍတွင် ပါဝင်သည့် အဖွဲ့အစည်း အားလုံးနှင့် နိုင်ငံတကာ အကူအညီ ပေးသည့် အဖွဲ့အစည်း အားလုံး ဟန်ချက်ညီညီ ချိတ်ဆက် နိုင်ရေးသည် အရေးပါကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger