www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 24, 2015

နိုင်ငံခြားသားများကို အိမ်ငှားရမ်းသူ များအား လာမည့် ဘဏ္ဍာနှစ်တွင် အခွန်ကောက်ခံ တော့မည်



ရန်ကုန် ၊ ၂၄-၁-၂ဝ၁၅

နိုင်ငံခြားသား များကို အိမ်ငှားရမ်းသူ အိမ်ရှင်များအား လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ အခွန် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ အိမ်အငှား ဈေးကွက်မှာ ယခင်ကထက် ၂ဝ ရာခိုင်နှုန်း ကျော် မြင့်တက် လာကြောင်း၊ အဆင့်မြင့် တိုက်ခန်းများ၏ အိမ်အငှား ဈေးနှုန်းမှာ ငွေကျပ် သိန်း ၂ဝ ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြည်တွင်း အိမ်အငှား ဈေးကွက် မြင့်တက် သွားခြင်း ကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင် နေသော ဆိုင်များအဖို့ ဆိုင်ခန်း ငှားရမ်းရန်ခက်ခဲသဖြင့် ပိတ်သွား ရသည်ကို တွေ့ရှိ နေရကြောင်း ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း
လုပ်ကိုင်နေသူ များထံမှ သိရသည်။

''နိုင်ငံခြားသားတွေ နေမယ့် အိမ်တွေဆိုရင် ဝန်ဆောင်မှုတွေ၊ အသုံးဆောင် ပစ္စည်းတွေ ကတော့ အကောင်းဆုံး ဆိုတာတွေကို လုပ်ပေးထားတာ တွေ့ရတယ်။ ဒါကြောင့် ဈေးနှုန်းလည်း အဆမတန် ပေးရတယ်၊ နိုင်ငံခြားသား တွေကတော့ ပေးနိုင်ပေမယ့် ပြည်တွင်းက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ သူတွေကတော့ အဆင်မပြေ မှုတွေ ကြုံတွေ့ နေရတယ်။ အဆင့်မြင့် တိုက်ခန်း ဈေးကွက်မှာ အနည်းဆုံး ၁၅ သိန်းကနေ အများဆုံး ၂၅ သိန်းဝန်းကျင် အထိရှိတယ်၊ အချို့နေရာ တွေမှာဆိုရင် တစ်ရပ်ကွက်လုံး နီးပါး အိမ်အငှား တွေနဲ့ အလုပ်ဖြစ် နေတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။

ယခုနှစ် အတွင်း အိမ်ပိုင်ရှင် အများစု အနေဖြင့် အိမ်များကို အရောင်းအဝယ် မပြုလုပ် တော့ဘဲ အငှားဈေးကွက် ကိုသာ သီးသန့် ပြုလုပ်လာကြောင်း၊ အိမ်အငှား ဈေးကွက်မှာ ငွေကျပ် နှစ်သိန်းမှ လေးသိန်းခွဲ အထိ ရှိကြောင်း၊ ယခင် ငွေကျပ် လေးသိန်းတန် မှာ ယခုဈေးကွက် ပေါက်ဈေး ငွေကျပ် ခြောက်သိန်း အထိ ရှိလာကြောင်း သိရသည်။

ထက်အောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger