www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 9, 2015

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ သိပ္ပံထူးချွန်ဆု အမှတ်ကန့်သတ်ချက်ကိုပြင်ဆင်


ရန်ကုန် ၊ ၉-၁-၂ဝ၁၅

ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာ၊ သိပ္ပံ ထူးချွန်ဆုကို အမှတ် ကန့်သတ်ချက် ပြင်ဆင်ထား သောကြောင့် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် အတွက် ထူးချွန်ဆု လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ကျော်အနက် ၁ဝ၃ ဦးကို သာ ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ က ပြောသည်။

အဆိုပါ ထူးချွန်ဆုများကို ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် မှစ၍ ပေးအပ်ခဲ့ပြီး ပထမနှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူ လျှောက်ထားသူ ၇ဝဝ ကျော်အနက် ၁၃၉ ဦးကို ပညာသင်ဆု ပေးအပ်ခဲ့သည်။ ၂ဝ၁၄- ၂ဝ၁၅
ပညာသင်နှစ် တွင် ထူးချွန်ဆု လျှောက်ထားသူ ၆ဝဝ ကျော်အနက် ၁ဝ၃ ဦးကိုသာ ပညာသင်ဆု ပေးအပ်ပြီး ထူးချွန်ဆု အတွက် နိုင်ငံတော်မှ ပညာသင် ထောက်ပံ့စရိတ် အဖြစ် တစ်လလျှင် ငွေကျပ် ၁ဝဝဝဝ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထူးချွန်ဆုကို လျှောက်ထားလို သူများအတွက် သတ်မှတ် ထားသော စည်းကမ်းမှာ သိပ္ပံထူးချွန်ဆု လျှောက်ထား လိုသူသည် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို တစ်ကြိမ် တည်းဖြင့် အောင်မြင်သူ ဖြစ်ရမည့် အပြင် သိပ္ပံဘာသာရပ် ဓာတုဗေဒ သို့မဟုတ် ရူပဗေဒဘာ သာရပ်တွင် ဂုဏ်ထူး ရရှိသူဖြစ်၍ သင်္ချာဘာသာ တွင် အနည်းဆုံး ရမှတ် ၉ဝ ရရှိရမည် ဖြစ်သည်။ 

ဝိဇ္ဇာထူးချွန်ဆု အဖြစ် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူသည် ဝိဇ္ဇာ ဘာသာရပ်တွင် တက္ကသိုလ် ဝင်တန်းကို တစ်ကြိမ်တည်းဖြင့် အောင်မြင်ရမည် ဖြစ်ပြီး ဘောဂဗေဒ ဘာသာရပ်တွင် ရမှတ် အနည်းဆုံး ၈ဝ ရရှိသူ များသာ ပညာသင်ဆုကို လျှောက်ထား နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သိပ္ပံထူးချွန်ဆု လျှောက်ထားရာတွင် တက္ကသိုလ်ဝင်တန်း အောင်မှတ်မှာ အနိမ့်ဆုံး ရမှတ် ၄၅ဝ ကျော်မှ အမြင့်ဆုံး ရမှတ် ၅ဝဝ ရရှိသူ ဖြစ်ရမည့်အပြင် ဝိဇ္ဇာဘာသာ ထူးချွန်ဆု လျှောက်ထားရာတွင် တက္ကသိုလ်ဝင်တန်း အောင်မှတ် အနိမ့်ဆုံး ရမှတ် ၄ဝဝ ကျော်မှ အမြင့်ဆုံး ရမှတ်မှာ ၄၉ဝ အထိ သတ်မှတ် ထားကြောင်းနှင့် သတ်မှတ် ထားသော အမှတ်မရရှိသူ များလည်း လျှောက်ထားနိုင်ပြီး ပြန်လည် ဆန်းစစ်၍ ပညာသင် ထူးချွန်ဆု ပေးအပ်မည့် အချက်အား ပြင်ဆင် ပေးထားကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger