www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 5, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု တွင် တစ်ဦးချင်း ၀င်ရောက်မှု ပို၍ တိုးတက်လာ



ရန်ကုန် ၊ ၅-၁-၂၀၁၅

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုသည် ယခုအခါ များပြားလာပြီး Package ခရီးစဉ်အလိုက် သွားလာမှုမှာ လျော့နည်းနေပြီး တစ်ဦးချင်း ဝင်ရောက်မှု ( Free Individual Traveller ) သည် ပို၍တိုးတက် လာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု ပို၍များပြား လာပြီး ခရီးသွားလာမှု ပုံစံ ပြောင်းလဲလာရာ တစ်ဦးချင်း လာရောက် လည်ပတ်မှု ပို၍ များလာသဖြင့် ပြည်ပမှ ခရီးသွား ဧည့်သည်များ၏ လုံခြုံစိတ်ချမှုကို ပို၍ အာရုံစိုက် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံသို့ ၂ဝ၁ဝ ပြည့်နှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု၏ ၇ဝ ရာခိုင်နှုန်းမှာ Package Tour ဖြင့် လာရောက်ခဲ့ပြီး ဝင်ရောက်မှုမှာ ၃ဝ ရာခိုင် နှုန်းခန့်သာ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်း အထိ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုသည် သုံးသန်းဝန်းကျင် အထိ ဝင်ရောက်လာပြီး လေဆိပ်နှင့် နယ်စပ်ဂိတ် များမှ တစ်ဦးချင်း ဝင်ရောက်မှုမှာ ဝင်ရောက်မှု ၏ ၇ဝ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ပြည်ဝင်ခွင့် ခရီးသွားဗီဇာ လွယ်ကူလာပြီး နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကြောင့် နိုင်ငံတကာ၏ ယုံကြည်မှု တိုးတက်၍ Package Tour ဝင်ရောက်မှု နည်းလာပြီး တစ်ဦးချင်း ဝင်ရောက်မှု ပို၍ တိုးတက်လာပြီး ခရီးသွား ဝင်ရောက်မှု ပို၍များလာခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger