www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 6, 2015

ပုဂံဘုရားပွဲတော် ကာလ ရောက်ရှိလာသဖြင့် ဒေသခံဈေးသည်များ အရောင်းအဝယ် ကောင်းနိုင်



ညောင်ဦး ၊ ၆-၁-၂ဝ၁၅

ပုဂံ၊ ညောင်ဦးဒေသ သည် လက်ရှိ အချိန်တွင် ဘုရားပွဲတော် ကာလသို့ ရောက်ရှိလာပြီ ဖြစ်၍ ဒေသခံ ဈေးသည်များ ယခင်နှစ်ထက် အရောင်းအဝယ် ပိုမိုကောင်းမွန် နေကြောင်း ပုဂံ၊ ညောင်ဦး ဒေသရှိ ဈေးသည်များ ထံမှ သိရသည်။

ပုဂံ၊ ညောင်ဦး ဒေသသည် ပြည်တွင်း ပြည်ပ ဘုရားဖူး ဧည့်သည်များ နေ့စဉ် လာရောက် နေကြသော်လည်း ဘုရားပွဲတော် ကာလဖြစ်သည့် ပြာသိုလ နှင့် တပို့တွဲလ တို့တွင် ပိုမိုများပြား လေ့ရှိသည်။ ထို့ကြောင့် ယင်းဒေသရှိ ဈေးရုံဆိုင်ခန်း များနှင့် ဈေးသည်များမှာ ဘုရားပွဲတော် ကာလများတွင် အရောင်းအဝယ် ကောင်းကာ ကျန်အချိန် များတွင် ပုံမှန်သာ ရောင်းချနေကြ ရကြောင်း သိရသည်။

အဆိုပါ ဒေသများမှ ဈေးရုံဆိုင်ခန်း များနှင့် ဈေးသည်များမှာ အမြတ်အစွန်း ရရှိနိုင်သည့် ဘုရားပွဲတော် ကာလများကို အထူး မျှော်လင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပွင့်လင်းရာသီ တွင် ပုဂံ ဒေသသို့ ပြည်တွင်း ဘုရားဖူးများ အပြင် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ဘုရားပွဲတော် ကာလ မတိုင်မီကပင် များပြား နေသဖြင့် ပုဂံတွင်ရှိသော ဈေးရုံဆိုင်ခန်း များနှင့် ဈေးသည် များမှာ ယခင်နှစ် ကထက် အရောင်းအဝယ် ကောင်းမွန်၍ တွက်ခြေကိုက် အဆင်ပြေ နေကြောင်း သိရသည်။ ပုဂံ၊ ညောင်ဦး ဒေသရှိ ဈေးရုံ ဆိုင်ခန်း များသည် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အား မြန်မာ့ရိုးရာ ပြည်တွင်းဖြစ် နှင့် ဒေသထွက် လက်ဆောင် ပစ္စည်းများကို ဈေးကွက်တွင် အဓိကထား ရောင်းချ နေကြသည်။

လက်ရှိတွင် ပုဂံဒေသ ကို နိုင်ငံတကာ ခရီးသွားများ ပိုမို စိတ်ဝင်စားမှု ရှိစေရန် ရေနွေးငွေ့ ရထားများ ပြေးဆွဲခြင်း၊ ရှုခင်းကြည့် မီးပုံးပျံ များဖြင့် လှည့်လည်ခြင်း စသည့် ဝန်ဆောင်မှုများ ပြုလုပ် ပေးနေကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger