www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 5, 2015

ဂျပန်ယွန်းထည်ပစ္စည်းများ ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင် လာသော်လည်း မြန်မာ့အနုလက်ရာ ယွန်းထည်များကိုသာ လူကြိုက်ပိုမို များပြားလျက်ရှိ


မြန်မာ့လက်မှုအနုပညာစစ်စစ် ယွန်းထည်ပစ္စည်းများ

ညောင်ဦး ၊ ၅-၁-၂၀၁၅

ဂျပန်ယွန်းထည် ပစ္စည်းများ ပြည်တွင်း ဈေးကွက်တွင် မြန်မာ့ယွန်းထည် ပစ္စည်းများနှင့် ဈေးကွက် ယှဉ်ပြိုင်ရောင်းချ နေသော်လည်း မြန်မာ့ယွန်းထည် ပစ္စည်းများကို ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း၊ ပုဂံ- ညောင်ဦး ဘုရားဖူး ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

မြန်မာ့ယွန်းထည် များသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် နေကြသည့် ကမ္ဘာလှည့် ခရီးသွားများ အတွက် မျက်စိ အကျဆုံး လက်ဆောင် ပစ္စည်းများ ဖြစ်နေသည့် အပြင် ပြည်တွင်း မှာလည်း ဘုရားကျောင်းကန် စသည့် ဘာသာရေး အဆောက်အအုံ များနှင့် နေအိမ် တိုက်ခန်းများတွင် အလှ ကျက်သရေ၊ ဂုဏ် ကျက်သရေ တစ်ခု အနေဖြင့် အသုံးပြုခဲ့ ကြပြီး ပြည်ပဈေးကွက် များသို့လည်း တင်ပို့ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

မြန်မာ့ယွန်းထည် ပစ္စည်းများမှာ ပြည်တွင်း၊ ပြည်ပ ဈေးကွက် ရှိနေသည့် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ ပုံရိပ်များ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ယွန်းထည် ပစ္စည်းများ၏ ပြည်တွင်း ဈေးကွက် များမှာ ပုဂံ၊ ညောင်ဦး စသည့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ၊ တန်ခိုးကြီး ဘုရားများရှိ ဈေးဆိုင်ခန်း များနှင့် မြန်မာ့ ယဉ်ကျေးမှု ပစ္စည်းများ ရောင်းချသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း ယွန်းထည် ဈေးကွက်တွင် ဂျပန်ယွန်းထည် ပစ္စည်းများ ဝင်ရောက်လာပြီး ဈေးနှုန်း သက်သာစွာ နှင့် ဈေးကွက် ယှဉ်ပြိုင် နေရာယူ လာပြီ ဖြစ်သည်။ မြန်မာ့ယွန်းထည် ပစ္စည်းများသည် လက်မှုပညာ စစ်စစ်ဖြင့် ပြုလုပ်သည့် လက်မှုပစ္စည်း စစ်စစ် ဖြစ်သည့် အတွက် အရည်အသွေးမီ ယွန်းထည် ပစ္စည်းတစ်ခု ရရှိရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူ ထုတ်လုပ် ရသည်။ ဂျပန်ယွန်းထည် ပစ္စည်း ထုတ်လုပ်ရာတွင် မြန်မာ့ယွန်းထည် ပစ္စည်းများထက် အချိန်ကုန် သက်သာပြီး ဈေးနှုန်း အရလည်း မြန်မာ့ယွန်းထည် များထက် ချိုသာမှု ရှိသော်လည်း မြန်မာ့ယွန်းထည် များမှာ မြန်မာ့လက်မှု ပညာ စစ်စစ်ဖြင့် အချိန်ယူကာ သေသပ် ကျနစွာဖြင့် လက်ရာ ကောင်းမွန်အောင် စနစ်တကျ လုပ်ကိုင် ဆောင်ရွက် ထားသောကြောင့် ဂျပန်ယွန်းထည် ပစ္စည်းများထက် ဈေးကွက်တွင် လူကြိုက် ပိုမို များလျက် ရှိနေကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger