www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 8, 2015

အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်


အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်

မြန်မာနိုင်ငံ၌ နယ်ပယ်ကဏ္ဍ အသီးသီးတွင် ရင်းနှီး မြှုပ်နှံမှုများ၊ လုပ်ငန်းများ တိုးတက် ဖြစ်ထွန်း များပြား လာသကဲ့သို့ ပြည်ပ အလုပ်အကိုင် များလည်း တိုးတက်များပြား လာသည်ကို တွေ့ရသည်။ ထိုသို့ တိုးတက်ဖြစ်ထွန်း များပြား လာသဖြင့် နိုင်ငံသားများ၏ အလုပ်အကိုင်များ ရရှိလာမှု အခွင့်အလမ်း လည်း တိုးတက်များပြား လာခဲ့သည်။

မျက်မှောက်ကာလ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန် အကောင်အထည် ဖော်ဆောင်ရာတွင် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။ နယ်မြေဒေသ အနှံ့တွင် စက်မှုဇုန်များ၊ စက်မှု နယ်မြေများ၊ အထူးစီးပွားရေး ဇုန်များ တိုးချဲ့ တည်ဆောက် ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လည်းကောင်း၊ မြန်မာ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လည်းကောင်း ခွင့်ပြု လုပ်ကိုင်ခွင့် ရသော လုပ်ငန်းများတွင် လုပ်သား အင်အား သိန်းနှင့်ချီ၍ အလုပ်အကိုင်များ ရရှိကြသည်။

အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိအောင် နိုင်ငံတော်က ဖန်တီး ဖော်ဆောင် ပေးလျက် ရှိစဉ်တွင် အလုပ်အကိုင်များ လုပ်ဆောင်ကြသော လုပ်သားများ အတွက် ထိုက်တန်သော လုပ်အားခ ရရှိနိုင်ရေး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို အမျိုးသား ကော်မတီ အဆင့် ဆွေးနွေး ညှိနှိုင်းပြီး ဆောင်ရွက် နေသည်မှာ လည်း အလုပ်သမား များအတွက် ကောင်းကျိုး တစ်ရပ် ဖြစ်သည်။

ထိုသို့ ဆောင်ရွက် ရာတွင် အိမ်နီးချင်း အာဆီယံ နိုင်ငံများတွင် ကျင့်သုံးသော သတ်မှတ်ချက်များ နှင့် ချိန်ထိုးညှိနှိုင်း ဆောင်ရွက် နေခြင်းမှာလည်း မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ဆက်လက် မြင့်မားအောင် ဆောင်ရွက်သည့် ကောင်းမွန်သော လက္ခဏာများ ဖြစ်သည်။ ထိုသို့ အလုပ်ရှင်ရော အလုပ်သမား များပါ ဆီလျော် လိုက်ဖက်သည့် Win-Win Situation ရနိုင်မည့် နည်းလမ်းများကို ရှာကြံပြီး သတ်မှတ်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခင်နှင့် မတူဘဲ အစစအရာရာ တိုးတက် ပြောင်းလဲလာပြီ ဖြစ်ရာ မြန်မာနိုင်ငံတွင်း ၌ပင် အလုပ်အကိုင် အခွင့်အလမ်းများ မကြာမီတွင် အဆင့်မီစွာ တိုးတက်ရရှိ လာမည် ဖြစ်သောကြောင့် မိမိမြေ၊ မိမိရေ၊ မိမိနိုင်ငံ ၌ပင် မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက် မြင့်မားအောင် လုပ်ဆောင်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger