www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 3, 2015

တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာ


ရန်ကုန်မြို့ရှိ Hyundai ကားအရောင်းပြခန်း

ရန်ကုန် ၊ ၃-၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ  သော ပြည်ပနိုင်ငံ တို့တွင် တောင်ကိုရီးယား နိုင်ငံက ကုမ္ပဏီ လုပ်ငန်းပေါင်း ၈ဝ ကျော်ပါဝင်ပြီး ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံ ထားသော စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၈ ဒသမ ၁၉ ရာခိုင်နှုန်း နီးပါးရှိကာ ပဉ္စမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသည် မြန်မာနိုင်ငံ၌ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စား လျက်ရှိပြီး လက်ရှိတွင်လည်း မော်တော်ယာဉ် လုပ်ငန်း ၊ အထည်ချုပ် လုပ်ငန်း ၊  စိုက်ပျိုးရေး လုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းများကို ပြည်တွင်း၌ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း UMFCCI မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ နောက်ထပ် လာရောက် ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယား ကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပြင် လုပ်ငန်း သဘောတူ လက်မှတ်ရေးထိုး ထားသော ကုမ္ပဏီများလည်း ရှိကြောင်း သိရသည်။

အချို့သော ကုမ္ပဏီများ မှာလည်း ပြည်တွင်း၌ စီးပွားရေး လာရောက် လုပ်ကိုင်ရန် လေ့လာနေပြီး ပြန်လည် ပိတ်သိမ်း သွားသော ကုမ္ပဏီ အရေအတွက်မှာ အနည်းအကျဉ်း မျှသာ ရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကဏ္ဍများတွင် ပြုပြင် ပြောင်းလဲခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား လာသော နိုင်ငံများ ထဲတွင် ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင် နှင့် ထိုင်း စသည့်နိုင်ငံ တို့သည် ထိပ်ဆုံး မှပါဝင်ပြီး ယခုအခါ အဆိုပါ နိုင်ငံ တို့နှင့်အတူ တောင်ကိုရီးယား နိုင်ငံမှလည်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger