www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 25, 2014

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သဘာဝ အမွေအနှစ်အဖြစ် သတ်မှတ်ရန် UNESCO အဖွဲ့ လေ့လာနေ



ပူတာအို ၊ ၂၅-၁၂-၂၀၁၄

ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ကို ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်ရန် အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက် နေကြောင်း သိရသည်။

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် အတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝ သယံဇာတများ ပြုစုထိန်းသိမ်း နိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် မြန်မာ အစိုးရက UNESCO သို့ လျာထားစာရင်း တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ရွေးချယ် သတ်မှတ်ရန် အတွက် UNESCO အဖွဲ့က ကွင်းဆင်း လေ့လာနေခြင်း ဖြစ်ကြောင်း သိရသည်။

'' UNESCO ကို ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအတွက် လျာထားစာရင်း အဖြစ် ခုနစ်နေရာ တင်ထားတယ်။ အဲဒီ အထဲကမှ ခါကာဘိုရာဇီ ကို သူတို့ကွင်းဆင်း လေ့လာမှုတွေ လုပ်နေတယ်။ ရွေးချယ်မယ်၊ မရွေး ချယ်ဘူး ဆိုတာကတော့ တိတိကျကျ မသိရ သေးဘူး ... '' ဟု သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယူနက်စကို မှ ကျွမ်းကျင် ပညာရှင်များက ကွင်းဆင်း လေ့လာပြီး သတ်မှတ်ချက် များနှင့် ကိုက်ညီပါက ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်း အစီရင်ခံစာ တင်ပြကာ ကမ္ဘာ့ သဘာဝ အမွေအနှစ် အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် သည် ကချင်ပြည်နယ် ၊ ပူတာအိုခရိုင် အတွင်း တည်ရှိပြီး မြေဧရိယာ အကျယ်အဝန်း ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းကာ ၁၉၈၈ ခုနှစ်တွင် အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger