www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 2, 2014

e-Cigarette သည် ကျန်းမာရေး ထိခိုက်စေမှုကို လျော့ပါးစေနိုင်သည်မှာ မမှန်ကန်ကြောင်း တွေ့ရှိ




တိုကျို ၊ ၂-၁၂-၂၀၁၄

e-Cigarette များတွင် ပါဝင်သော ကင်ဆာဖြစ်ပွား စေနိုင်သည့် အေးဂျင့် ပမာဏသည် သာမန် စီးကရက် များထက် ဆယ်ဆခန့် ပိုများကြောင်း ဂျပန် သိပံ္ပပညာရှင် များက ပြောကြားလိုက်ရာ e-Cigarette သည် ကျန်းမာရေး ထိခိုက်မှု နည်းပါးသည်ဟု ယုံကြည် လက်ခံ ထားသူများ အဖို့ ရိုက်ခတ်အား ပြင်းထန်သော သတင်းတစ်ပုဒ် ဖြစ်ခဲ့ကြောင်း သိရသည်။

e-Cigarette ကို ကမ္ဘာပေါ်တွင် လူကြိုက်များနေပြီး ဆေးလိပ် သောက်သော လူငယ်များက ဖက်ရှင် တစ်ခုအနေဖြင့် အသုံးပြု လာကြသည်။ e-Cigarette သောက်သုံး ခြင်းဖြင့် သမားရိုးကျ ဆေးလိပ် များကဲ့သို့ မီးခိုးငွေ့ကို ရှူသွင်းရန် မလိုတော့ဘဲ နီကိုတင်း နှင့် မွှေးရနံ့ တစ်မျိုး ပါဝင်သော အရည်ကို အပူပေးကာ ထွက်လာသော အခိုးအငွေ့ကို ရှူသွင်းခြင်းဖြင့် သွေးက စွဲလမ်းနေသော နီကိုတင်း လိုအပ်ချက်ကို ဖြည့်ဆည်း ပေးခြင်းဖြစ်ပြီး ကျန်းမာရေး ထိခိုက်မှု နည်းပါးစေကြောင်း လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ခြင်း များရှိခဲ့သလို ဆေးလိပ်ဖြတ် လိုသူများ ကလည်း e-Cigarette ဖြင့် ဆေးလိပ်ဖြတ်ရန် ကြိုးပမ်းသည် အထိ ဖြစ်လာခဲ့သည်။

သို့သော် ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ကော်မရှင်အဖြစ် ဦးဆောင်နေသော သုတေသီ တစ်ဖွဲ့က e-Cigarette မှထွက်လာသော အခိုးအငွေ့များတွင် ကင်ဆာ ဖြစ်ပွား စေနိုင်သော ကာစီနိုဂျင် အေးဂျင့် ပါဝင်သည့်နှုန်း ကို တိုင်းတာခဲ့ရာ e-Cigarette အရည်အမျိုးမျိုးမှ ထုတ်လုပ်သော အခိုးအငွေ့ များတွင် ကင်ဆာဖြစ်ပွား စေနိုင်သော ဖော်မယ်ဒေဟိုက် နှင့် အက်ဆီတယ်ဒေဟိုက် တို့ ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။

ဆောက်လုပ်ရေး ပစ္စည်းများနှင့် ချိတ်ပိတ်ရည် များတွင် တွေ့ရလေ့ ရှိသော ဖော်မယ်ဒေဟိုက် သည် သမားရိုးကျ စီးကရက် များတွင်လည်း ပါဝင်ရာဝယ် e-Cigarette တွင် ဖော်မယ်ဒေဟိုက် ပါဝင်သည့် နှုန်းက ဆယ်ဆထက မနည်း ပိုများနေကြောင်း သုတေသီများက ကျန်းမာရေး ဝန်ကြီးဌာနထံ အစီရင်ခံ တင်ပြ ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ သည်လည်း အခြားနိုင်ငံ အများစုနည်းတူ e-Cigarette ရောင်းဝယ်ခြင်းကို စောင့်ကြည့် ထိန်းချုပ်ခြင်း မရှိဘဲ e-Cigarette ကို မည်သူမဆို အွန်လိုင်းမှ သော်လည်းကောင်း၊ စတိုးဆိုင်များမှ သော်လည်းကောင်း လွတ်လပ်စွာ ဝယ်ယူနိုင်လေ့ ရှိသော်လည်း အနောက်တိုင်း နိုင်ငံအချို့တွင် e-Cigarette ကို ဈေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လ ကလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က သန္ဓေသားများနှင့် အပျိုငယ်များတွင် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်ဆိုကာ အမျိုးသမီးများအား e-Cigarette ရောင်းချခြင်းကို တားမြစ်ရန် တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့ကလည်း e-Cigarette များကို အများ ပြည်သူသုံး အဆောက်အအုံများ အတွင်း၌ သုံးစွဲခွင့် မပြုသင့်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။




#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger