www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 26, 2014

ရန်ကုန်မြို့၌ အစိုးရ နှင့် ပုဂ္ဂလိကမှ တိုက်ခန်းတည်ဆောက်မှု လက်ရှိအချိန်တွင် နှစ်သောင်းနီးပါး အထိရှိလာ



ရန်ကုန် ၊ ၂၆-၁၂-၂၀၁၄

ရန်ကုန်မြို့၌ ယခုနှစ်အတွင်း အစိုးရနှင့် ပုဂ္ဂလိကမှ တည်ဆောက်လျက် ရှိသည့် တိုက်ခန်းများမှာ တစ်သောင်းမှ နှစ်သောင်း အကြား ရှိနေသည့်အတွက် ရန်ကုန်မြို့၌ တိုးပွားလာသည့် လူဦးရေ၏ အိမ်ရာ လိုအပ်ချက်ကို အထိုက်အလျောက် ဖြေရှင်းပေးသွား နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

ထိုကဲ့သို့ အိမ်ရာများ ဖော်ဆောင်ရာတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အိမ်ရာ တိုက်ခန်းပေါင်း ၅ဝဝဝ ခန့် အကောင်အထည် ဖော် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် အကြမ်းဖျင်း အားဖြင့် လက်ရှိတွင် ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်သည့် PPP အိမ်ရာစီမံကိန်း စနစ်ကြောင့် အိမ်ခန်းများ အတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် တိုက်ခန်းများ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင် သာယာနယ် နိမိတ်အတွင်း တိုက်ခန်း ဆောက်လုပ်ရေး အတွက် တရားဝင် အဆောက်အအုံ များပြား လာစေရန် ခွင့်ပြုချက် ချထားပေးရာတွင် အွန်လိုင်း စနစ်ဖြင့် ခွင့်ပြုပေး နေသကဲ့သို့အမြန်ဆုံး ဆောက်လုပ်ခွင့် ကျစေရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။(၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger