www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 3, 2014

ရန်ကုန်မြို့ ၏ ပထမဆုံး ရှစ်လမ်းသွား မြို့ပြင် မြို့ပတ်လမ်းကို ဂျပန်နိုင်ငံ မှ နည်းပညာ အကူအညီဖြင့် စတင် ဖောက်လုပ်


ရန်ကုန် ၊ ၃-၁၂-၂၀၁၄

ရန်ကုန်မြို့တော် ၏ ပထမဆုံး ရှစ်လမ်းသွား မြို့ပြင် မြို့ပတ်လမ်းကို ဂျပန်နိုင်ငံမှ နည်းပညာ အကူအညီဖြင့် စတင်ဖောက်လုပ် နေပြီး ၉၆ ဒသမ ဝ၃၉ ကီလိုမီတာ ရှည်လျားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန) မှ သိရသည်။ အဆိုပါ လမ်းများတွင် နှစ်ထပ်လမ်းကိုပါ ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်၏ ပထမဆုံး မြို့ပြင် မြို့ပတ်လမ်းသည် ရှစ်လမ်းသွား ဖြစ်ပြီး လမ်းအကျယ်မှာ ၃၆ မီတာ ( ၁၀၈ ပေ ) ရှိကာ မြို့ပတ်လမ်း အရှည်မှာ ၉၆ ဒသမ ဝ၃၉ ကီလိုမီတာ ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော် မြို့ပြင် မြို့ပတ်လမ်းတွင် ပါဝင်မည့် လမ်းများမှာ အမှတ်(၅) လမ်းမကြီး၊ လှော်ကား လမ်းမကြီး၊ ကမ်းနား လမ်းမကြီး၊ စက်မှု လမ်းမကြီးနှင့် လမ်းသစ် လမ်းမကြီး စသည်တို့ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် မော်တော်ယာဉ်များသွားလာရာ၌ မြို့တွင်းလမ်း များကိုသာ အားထားကာ သွားလာနေ သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ ခြင်းကြောင့် မြို့ပြင် ပတ်လမ်းကို ဖောက်လုပ်ကာ မော်တော်ယာဉ် များ လွယ်ကူစွာ သွားလာနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

၂ဝ၄ဝ ပြည့်နှစ် ရန်ကုန်မြို့ပြ စီမံကိန်း ဆောင်ရွက် ရာတွင် ဂျပန် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ JICA ၏ အဆိုပြုလွှာ၌ မြို့တွင်းလမ်းနှင့် မြို့ပြင်လမ်း များကို ထပ်မံ ဖောက်လုပ် သင့်ကြောင်း အဆိုပြု ထားသည်ဖြစ်၍ ၄င်းအတိုင်း အကောင် အထည်ဖော် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ပြင် မြို့ပတ်လမ်းကို JICA ၏ နည်းပညာ အကူအညီ ဖြင့် ဖောက်လုပ်ကာ ဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါလမ်းကို ၂ဝ၂၆ ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်ရန် စီစဉ် ထားကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger