www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 5, 2014

မုတ္တမပင်လယ်ကွေ့ နံ့သာကျွန်း နှင့် လေညာကြိုးဝိုင်း တို့ကို အရေးကြီးငှက်များ ကျက်စားရာနေရာ အဖြစ်သတ်မှတ်


ရန်ကုန် ၊ ၅-၁၂-၂၀၁၄

နိုင်ငံတကာ ငှက်ထိန်းသိမ်းရေး အဖွဲ့(Bird Life International) က မြန်မာနိုင်ငံမှ မုတ္တမ ပင်လယ်ကွေ့၊ ရခိုင်ပြည်နယ် နံ့သာကျွန်း နှင့် လေညာကြိုးဝိုင်း စသည့် ဒေသသုံးခုကို အန္တရာယ် ကျရောက်နေသည့် အရေးကြီး ငှက်များ ကျက်စားရာ နေရာဒေသ အဖြစ် သတ်မှတ် လိုက်ကြောင်း သိရသည်။

မုတ္တမ ပင်လယ်ကွေ့ နှင့် နံ့သာကျွန်း တို့မှာ တစ်ကမ္ဘာလုံး တွင် ကောင်ရေ ငါးရာအောက်သာ ကျန်ရှိသည့် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော ရေညှောင့် နှုတ်ဝိုင်းငှက်များ ကျက်စားရာ နေရာဖြစ်သည်။ (ပုံ)

ထို့အပြင် လေညာကြိုးဝိုင်း တွင် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော တောင်ငုံးရင်မည်း ငှက်များ ကျက်စားရာ နေရာ ဖြစ်သည်။ တောင်ငုံးရင်မည်း ငှက်သည် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (ICUN) ၏ အနီရောင် မှတ်တမ်း၌ မျိုးသုဉ်းလုနီးပါး အခြေအနေ ရှိသည့် သတ္တဝါအဖြစ် သတ်မှတ် ထားရာမှ မြန်မာနိုင်ငံ၌ အဆိုပါ ငှက်ကို တွေ့ရှိခဲ့သည့် အတွက် မျိုးသုဉ်းမှု အန္တရာယ်နှင့် ကြုံတွေ့နေသည့် သတ္တဝါအဖြစ်မှ တစ်ဆင့်လျော့ကျ သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငှက်ကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ် ဆွန်ဒရက် တောများ၌ မြင်တွေ့နိုင်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ အများဆုံး တွေ့ရှိရကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နှင့် ကာကွယ်ရေး အသင်း ( BANCA ) မှ အန္တရာယ် ကျရောက်နေသည့် အရေးကြီးငှက်များ ကျက်စားရာ ဒေသအဖြစ် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိုးယွန်းကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မုတ္တမ ပင်လယ်ကွေ့၊ ရခိုင်ပြည်နယ် နံ့သာကျွန်း နှင့် လေညာကြိုးဝိုင်း တို့ကို ယခုနှစ်အတွင်း အဆိုပြု ခဲ့ရာ မုတ္တမ ပင်လယ်ကွေ့ ၊ နံ့သာကျွန်း နှင့် လေညာ ကြိုးဝိုင်း တို့ကို Bird Life International က အတည်ပြုခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဒေသသုံးခု အပါအဝင် အာရှတိုက်ရှိ နေရာ ၃၄ ခုကို သတ်မှတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger