www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 23, 2014

တောင်သူများနှင့် ချိတ်ဆက်၍ မုန်လာဥဖြူများ ဂျပန်သို့ တိုက်ရိုက်တင်ပို့နေမှု များရှိ


ဂျပန်နိုင်ငံသို့ တင်ပို့မည့် မုန်လာဥဖြူခြောက်များ

ရန်ကုန် ၊ ၂၃-၁၂-၂၀၁၄

ကလော တောင်သူများ အနေဖြင့် လက်ရှိ အချိန်တွင် Myanmar Belle အစာ အခြောက်ခံ ကုမ္ပဏီနှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံသို့ အစာခြောက်များ တင်ပို့နေမှုမှာ အဆင်ပြေလျက် ရှိကြောင်း မြန်မာနိုင်ငံ ပန်းမန်စိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးဖိုးကင်း ထံမှ သိရသည်။

ကလောတောင်သူ များသည် ယင်း ကုမ္ပဏီနှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုမှာ ကန်ထရိုက်စာချုပ် တစ်ရပ် ချုပ်ဆို၍ ဆောင်ရွက်နေခြင်း ဖြစ်ပြီး တောင်သူများထံမှ မုန်လာဥဖြူ နှင့် မုန်လာထုပ် များကို ကုမ္ပဏီမှ ဝယ်ယူ၍ တစ်ဆင့် ပြန်လည် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် တောင်သူများထံမှ မုန်လာထုပ် တစ်ထုပ်လျှင် ငွေကျပ် ၁၂ဝ၊ ၁၅ဝ ခန့် ပေးဝယ်ကြောင်း နှင့် မုန်လာဥဖြူ တစ်ဧကလျှင် အမြတ်ငွေကျပ် ငါးသိန်းပေး၍ ဝယ်ယူကြောင်း သိရသည်။

ကန်ထရိုက်ပေး၍ ရောင်းချသည့် စနစ်ကို လက်ရှိအချိန်၌ တောင်သူ ၂၀၀ ခန့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်လျက် ရှိသည်။ နိုင်ငံတကာသို့ တင်ပို့မှုများ ဆောင်ရွက်လျက် ရှိသော်လည်း ပြည်တွင်း ဈေးကွက်ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ယခု တင်ပို့သော အစာခြောက်များ ဖြစ်သည့် မုန်လာထုပ်ခြောက် များကို Myanmar Belle ကုမ္ပဏီအနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့ လည်းကောင်း၊ မုန်လာဥဖြူ ခြောက် (ပုံ) များကို ဂျပန်နိုင်ငံသို့ လည်းကောင်း အသီးသီး တင်ပို့နေကြောင်း နှင့် ၄င်းနိုင်ငံ များသည် ယင်း အစာခြောက် များကို ခေါက်ဆွဲ နှင့် အခြား အစားအစာ များတွင် ထည့်သွင်း စားသုံးရန် ဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger