www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 5, 2014

မန္တလေး ကရ၀ိတ်ရေပေါ်ဟိုတယ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး၍ မကြာမီ စတင်ဖွင့်လှစ် ပြေးဆွဲတော့မည်



မန္တလေး ၊ ၅-၁၂-၂၀၁၄

မန္တလေးကရဝိက် ရေပေါ်ဟိုတယ် တည်ဆောက်မှု လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သောကြောင့် မကြာမီ စတင်ဖွင့်လှစ် ပြေးဆွဲ တော့မည် ဖြစ်ကြောင်း CG-Myanmar ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်း ထံမှ သိရသည်။

ကရဝိက် ရေပေါ်ဟိုတယ်သည် အရှည် ပေ ၂၅ဝ ၊ အကျယ် ပေ ၇ဝ နှင့် အမြင့် ၄၁ ပေရှိပြီး အခန်းပေါင်း ၃၉ ခန်း ပါရှိကြောင်း၊ လှပသော အခန်းဖွဲ့စည်းပုံ များထဲတွင် နှစ်ယောက် အိပ်ခန်း ၃၂ ခန်း၊ မိသားစု တည်းခိုခန်း လေးခန်း၊ အထူး စားသောက်ခန်း နှစ်ခန်းနှင့် ဧည့်ကြိုခန်းတို့ ပါဝင်ပြီး အထပ်ပေါင်း သုံးထပ် ပါရှိကြောင်း၊ အပေါ်ဆုံးထပ်ကို စားသောက်ဆိုင် အဖြစ် ဖွင့်လှစ်မည် ဖြစ်ပြီး ပြင်ပမှ အပန်းဖြေ စားသောက် လိုသူများလည်း လာရောက် စားသောက်နိုင်ကြောင်း၊ လာရောက် စားသောက်သူ များနှင့် တည်းခိုနေထိုင် သူများ အနေဖြင့် ဧရာဝတီ ၏ နေဝင်ဆည်းဆာ အလှကို ခံစားနိုင်အောင် ကရဝိက် ရေပေါ်ဟိုတယ် ဆိုက်ကပ် ထားသော မန္တလေး VIP ဆိပ်ကမ်း (ပေ ၃ဝဝ) ကိုလည်း သန့်ရှင်း လှပအောင် ဖန်တီးပြုလုပ် ထားမည် ဖြစ်ကြောင်း၊ ကရဝိက် ရေပေါ်ဟိုတယ်ကို CG-Myanmar ကုမ္ပဏီက အလှဆင် တည်ဆောက်နေပြီး စုစုပေါင်း တည်ဆောက်ချိန် လပေါင်း ၂ဝ ကြာမြင့်ခဲ့ကြောင်း၊ ယခုအခါ တည်ဆောက်မှု လုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်း က ဆက်လက် ပြောပြသည်။

ကရဝိက် ရေပေါ်ဟိုတယ် တွင် တည်းခို နေထိုင်လိုသူများ အနေဖြင့် တစ်ဦးလျှင် ဟိုတယ် တည်းခိုခန်းခ ငွေကျပ် ၁၂ဝဝဝဝ ခန့် ပေးဆောင် ရမည်ဖြစ်ပြီး လာရောက် တည်းခို နေထိုင်သူ များကို ဝန်ဆောင်မှု အနေဖြင့် (အခမဲ့) မန္တလေးမှ မင်းကွန်း၊ ရွှေကြက်ယက် ဆိပ်ကမ်းများသို့ လေ့လာရေး ပြသမည် ဖြစ်ကြောင်း၊ ပြင်ပမှ လိုက်ပါစီးနင်း လိုသူများ ကိုလည်း လက်မှတ် တစ်စောင် ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် လည်းကောင်း၊နိုင်ငံခြား ခရီးသည် တစ်ဦးလျှင် လက်မှတ် တစ်စောင် ဒေါ်လာ ၂ဝ နှုန်းဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Happy New Year တွင် ကရဝိက် ရေပေါ်ဟိုတယ် ပေါ်၌ မီးမျှောပွဲများ၊ ပျော်ပွဲရွှင်ပွဲ များဖြင့် ရေလယ် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး တည်းခိုခန်းများနှင့် လိုက်ပါစီးနင်းခွင့် လက်မှတ်များကို စတင် စာရင်းဖွင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

နန်းမျိုးဝင်း (မြစ်ငယ်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger