www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 2, 2014

အခွန်ထမ်းကြီးများ စာရင်း မကြာမီ ကြေညာသွားမည်


ရန်ကုန် ၊ ၂-၁၂-၂၀၁၄

မြန်မာနိုင်ငံရှိ အကြီးဆုံးသော အခွန်ထမ်းကြီး များကို အကြမ်းဖျင်း ရွေးချယ်ထားပြီး မကြာမီ ကာလအတွင်း အဆိုပါ အခွန်ထမ်းကြီးများ စာရင်းကို ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။

အခွန်ထမ်းကြီးများ အခွန်ဆောင်ရန် နှင့် အခွန်ထမ်း ကိုယ်တိုင် အခွန်စည်းကြပ် ရသည့် စနစ် ( Self Assessment System -SAS) ကို လာမည့်နှစ်တွင်အခွန် စည်းကြပ်မှုများ ဆောင်ရွက်သွားရန် စနစ်သစ်၏ အခွန်ထမ်း မှတ်ပုံတင် နံပါတ်အား သတ်မှတ် ထုတ်ပေးနိုင် ရန် စတင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ အခွန်ထမ်းကြီး များကို မှတ်ပုံတင် နံပါတ် ထုတ်ပေးရန် အကြမ်းဖျင်း ရွေးချယ်ထားသည့် အခွန်ထမ်းကြီး ၅ဝဝ ခန့်ရှိသော စာရင်းကို ကြေညာမည် ဖြစ်ကြောင်း အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးရှိ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''လာမယ့်နှစ် စတင်မယ့် စနစ်သစ်မှာ ရွေးချယ်ထားတဲ့ အခွန်ထမ်းကြီး တွေက မိမိတို့ ပေးဆောင်ရမယ့် အခွန်ကို အခွန်ထမ်း ကိုယ်တိုင် စည်းကြပ်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ဝင်ငွေ ကြေညာလွှာ ပုံစံတွေကို အသုံးပြုပြီး သက်ဆိုင်ရာ နှစ်အတွက် မိမိ ထမ်းဆောင်ရမယ့် အခွန်ကို ပေးဆောင် ရမှာပါ။ အဲဒီအတွက် ရွေးချယ်ထားတဲ့ အခွန်ထမ်းကြီး တွေကို ဆက်သွယ် အသိပေး ထားပြီးတော့ မကြာမီမှာပဲ ထုတ်ပြန် ကြေညာ သွားမှာပါ ... '' ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၏ ပထမဆုံး အခွန် စည်းကြပ်သည့် နှစ်တွင် ကုမ္ပဏီ ၅ဝဝ ဝန်းကျင်မှ စတင်  လုပ်ဆောင် သွားမည်ဖြစ်ပြီး နောက်လာမည့် အခွန်စည်းကြပ် နှစ်များတွင် အခွန်ထမ်း ဦးရေ တဖြည်းဖြည်း တိုးမြှင့်ကာ အခွန်စည်းကြပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးတွင် အခွန်တာဝန် ထမ်းဆောင်ရမည့် အခွန်ထမ်းကြီး များကိုရွေးချယ်ရာ၌ အသုံးပြုသည့် စံနှုန်းများမှာ မတည် ရင်းနှီးငွေနှင့် ထည့်ဝင်ပြီး ရင်းနှီးငွေ၊ စုစုပေါင်း ဝင်ငွေ၊ သုံးနှစ်ဆက်တိုက် အခွန်အများဆုံး ပေးဆောင်မှု ကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ သတင်း အချက်အလက် များ၊ သယံဇာတ တူးဖော် ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းများ၊ အုပ်စု ကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများနှင့် ငွေရေး ကြေးရေး အဖွဲ့အစည်း များကဲ့သို့ သီးသန့် လုပ်ငန်း ကဏ္ဍများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

လင်းသစ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger