www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 25, 2014

နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာများ နားလည်မှုစာချွန်လွှာ မိတ္ထီလာတက္ကသိုလ် တွင် လက်မှတ်ရေးထိုး



မိတ္ထီလာ ၊ ၂၅-၁၂-၂၀၁၄

ဂျပန်နိုင်ငံ ဂျီဖု တက္ကသိုလ် အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ တက္ကသိုလ် များနှင့် မိတ္ထီလာ တက္ကသိုလ် တို့ကြား အပြန်အလှန် ပညာရေး လေ့လာ သင်ကြားမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့က လက်မှတ် ရေးထိုး ကြသည်။

ဂျပန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အရှေ့တီမော၊ ဘရူနိုင်း၊ ကိုရီးယား၊ ဟန်ဂေရီ၊ ဘရာဇီး စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ တက္ကသိုလ် များနှင့် မြန်မာ အပါအဝင် ၁၄ နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးကြရာ မြန်မာနိုင်ငံမှ မိတ္ထီလာ တက္ကသိုလ် နှင့် ရတနာပုံ တက္ကသိုလ်တို့ ပါဝင် လက်မှတ် ရေးထိုး ကြသည်။

နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရာတွင် နိုင်ငံအလိုက် တက္ကသိုလ်များ ပါဝင် လက်မှတ်ရေးထိုး မှုမှာ ဂျပန်နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ အမေရိကန် နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ တရုတ်နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ အိန္ဒိယ နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ သြစတြေးလျ နိုင်ငံမှ တက္ကသိုလ် နှစ်ခု၊ မလေးရှား နိုင်ငံမှ တက္ကသိုလ် သုံးခု၊ အင်ဒိုနီးရှား နိုင်ငံမှ တက္ကသိုလ် ခြောက်ခု၊ ဗီယက်နမ် နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ အရှေ့တီမော နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ ဘရူနိုင်း နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ ကိုရီးယား နိုင်ငံမှ တက္ကသိုလ် နှစ်ခု၊ ဟန်ဂေရီ နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ ဘရာဇီး နိုင်ငံမှ တက္ကသိုလ် တစ်ခု၊ မြန်မာနိုင်ငံမှ တက္ကသိုလ် နှစ်ခုတို့ ဖြစ်ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံ မှ တက္ကသိုလ် ၂၄ ခု ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံတကာ တက္ကသိုလ် များကြား အပြန်အလှန် ပညာရေး လေ့လာ သင်ကြားမှု အစီအစဉ် များတွင် ပညာရပ်ဆိုင်ရာ သဘောတရား နားလည်မှုနှင့် တက္ကသိုလ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် ဆောင်ရွက် သွားရန်၊ နိုင်ငံတကာ ပညာရပ်များ သင်ယူရေး အစီအစဉ်များ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများ အပြန်အလှန် ဖလှယ်ခြင်း နှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရန်၊ ပညာရေး ဆိုင်ရာ သုတေသန ကွန်ရက် တစ်ခု တည်ထောင် သွားရန် စသည့် ကဏ္ဍလေးခု ပါဝင်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger