www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 23, 2014

ဘ၀နေထိုင်မှု ပုံစံပြောင်းလဲခြင်းသည် သတိမေ့ရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်



လန်ဒန် ၊ ၂၃-၁၂-၂၀၁၄

လူသားတို့၏ နေ့စဉ် စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းနှင့် ဉာဏ်စမ်း ပဟေဠိများ ကစားခြင်း ကဲ့သို့သော ရိုးရှင်းသော ဘဝနေထိုင်မှု ပုံစံ ရွေးချယ်မှု များသည် လူဦးရေ ၈ဝဝဝဝ ခန့်ကို သတိမေ့ရောဂါ ဖြစ်ပွားခြင်း မှ ကာကွယ်တားဆီး ပေးနိုင်ဖွယ် ရှိကြောင်း ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်များ၏ လေ့လာ ဆန်းစစ်မှု များအရ သိရသည်။

အသက်အရွယ် ကြီးရင့်လာစဉ် ဖြစ်ပေါ်နိုင်သည့် သတိမေ့ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ရန် လူတို့၏ အစောပိုင်း နေထိုင်မှု ပုံစံများကို ပြောင်းလဲရမည် ဖြစ်ကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

လူအများအပြား သည် ၄င်းတို့၏ ခန္ဓာကိုယ် နှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု များကို ပုံမှန် ပြုလုပ်မည် ဆိုပါက ၂ဝ၄ဝ ပြည့်နှစ် တွင် ဗြိတိန်နိုင်ငံမှ သတိမေ့ ရောဂါ ဖြစ်ပွားမှုသုံးသန်းခန့်ကို တားဆီးပေး နိုင်ဖွယ် ရှိကြောင်း ၄င်းတို့က ဆက်လက် ပြောကြား ခဲ့သည်။

ထို့ကြောင့် နေ့စဉ် စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းနှင့် ဦးနှောက်ကို နှိုးဆွပေး နိုင်သည့် ဉာဏ်စမ်း ပဟေဠိ ကစားခြင်း ကဲ့သို့သော လုပ်ဆောင်မှု များကို အလျင်အမြန် လုပ်ဆောင် သင့်ကြောင်း အလုပ်သမား ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး အထူးကု ဆရာဝန် တစ်ဦးဖြစ်သူ လော့ဒ်ဒါဇီ က ပြောကြား ခဲ့သည်။ 

ကျန်းမာသော အစားအစာ များကို စားသုံးခြင်း၊ အဝ လွန်ခြင်းကို ရှောင်ရှားခြင်း နှင့် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းသည် ဦးနှောက် ကျန်းမာရေး အတွက် အရေးပါသော အချက်များ ဖြစ်ပြီး လူသားများသည် ၄င်းတို့၏ ဦးနှောက် မှတ်ဉာဏ် စွမ်းရည်ကို လေ့လာ စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ရောဂါ လက္ခဏာ တွေ့ရှိပါက အချိန်မီ ကုသရန် လိုအပ်ကြောင်း ဆရာဝန် များက သတိပေး ပြောကြား ခဲ့သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger