www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 4, 2014

ဖားကန့်ကျောက်စိမ်း လုပ်ကွက်များ၌ အကြီးစားတူးဖော်မှုကို ဒီဇင်ဘာလအတွင်း စတင်လုပ်ကိုင်မည်


ဖားကန့် ရှိ ကျောက်စိမ်းမှော် တစ်ခုကို တွေ့ရစဉ်

မြစ်ကြီးနား ၊ ၄-၁၂-၂၀၁၄

နှစ်နှစ်ကျော်ကြာ တူးဖော်ခွင့် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့ ဝန်းကျင်ရှိ ကျောက်စိမ်း လုပ်ကွက်များကို စက်တင်ဘာ ၁ ရက်မှ စတင် တူးဖော်ခွင့်ပြု လိုက်ပြီဖြစ်ရာ စက်ယန္တရား အပြည့်အစုံဖြင့် အကြီးစား တူးဖော်မှုများကို ဒီဇင်ဘာလ အတွင်း မှသာ စတင်လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း ဖားကန့်မှော်ရှိ ကျောက်စိမ်း ကုမ္ပဏီများမှ သိရသည်။

လက်ရှိ ဖားကန့် ကျောက်စိမ်း လုပ်ကွက်များ၌ ကျောက်စိမ်းတူးဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီအချို့မှ အသေးစား တူးဖော်မှုများ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်း လည်ပတ်မှု အခြေအနေ မှာလည်း ပုံမှန်သာ ရှိ၍ နှစ်ချီ ရပ်နားထားရာမှ လုပ်ငန်းပြန်လည် စတင်ချိန် ဖြစ်သဖြင့် ကျောက်စိမ်း တူးဖော်ရေး အတွက် အလုပ်သမားများ စုဆောင်းလျက် ရှိရာ လက်ရှိအချိန်တွင် အလုပ်သမား ၁၅ဝ ခန့်ဖြင့်သာ လည်ပတ် နိုင်သေးကြောင်း သိရသည်။

အဆိုပါ ဖားကန့်မှော် အတွင်း တူးဖော်ခွင့် ရရှိသည့် ကျောက်စိမ်း လုပ်ကွက်များကို ငွေကျပ် သိန်းတစ်ထောင် အထက် ဆိုပါက လုပ်ကိုင်ခွင့် ငါးနှစ်ရရှိပြီး ငွေကျပ် သိန်းတစ်ထောင် အောက်ဆိုပါက လုပ်ကိုင်ခွင့် သုံးနှစ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယခု ပြန်လည် တူးဖော်ခွင့်ပြု သည့် အချိန်တွင်လည်း ယခင် တူးဖော်ခွင့် ရရှိပြီး ရုတ်တရက် ပိတ်လိုက်ရသည့် ကျောက်စိမ်း လုပ်ကွက်များ၏ လက်ကျန် သက်တမ်းကို တူးဖော်ခွင့် ပြုကြောင်း သိရသည်။

ပြည်တွင်း အဓိက ကျောက်စိမ်း ဈေးကွက် တစ်ခုဖြစ်သော မန္တလေးမြို့ ကျောက်စိမ်း ကျောက်မျက် ရောင်းဝယ်ရေး စခန်း၌ လက်ရှိတွင် နိုဝင်ဘာလကုန် အထိ လက်ကောက်၊ အချပ်လိုင်း၊ အပွင့်လိုင်း တို့မှာ ပုံမှန်ထက် အရောင်းအဝယ် အေးလျက်ရှိပြီး တရုတ် ဝယ်လက်များ ပုံမှန် လာရောက်လျက် ရှိသော်လည်း ဈေးကွက် မကောင်းသဖြင့် ထုတ်မရောင်း သေးဘဲ သိုလှောင် ထားကြသည် ကများကြောင်း ကျောက်စိမ်း ကုန်သည်များ ထံမှ သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger