www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 22, 2014

မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ အထူးဝန်ဆောင်မှု ပြပွဲတွင် ယာဉ်အစီးရေ ၁၀၀ ကို အခမဲ့စမ်းသပ် ပေးမည်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ အသင်း ( MAMDA ) မှ ကြီးမှူး ကျင်းပမည့် မော်တော်ယာဉ် နှင့် ဆက်စပ်ပစ္စည်းများ အထူး ဝန်ဆောင်မှု ပြပွဲ၌ ကျင်းပရက် တစ်ရက်စီ တိုင်းတွင် မော်တော်ယာဉ် အစီးရေ ၁ဝဝ ကို အခမဲ့စစ်ဆေး ပေးမည် ဖြစ်ကြောင်း ( MAMDA ) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောသည်။

အဆိုပါပြပွဲ ကို မိုင်ဒါကွင်း၌ အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ''ပြပွဲမှာ စက်ပြင် ပညာရှင် တွေနဲ့ တစ်ဦးချင်း တွေ့ဆုံပြီး တိုင်ပင် နိုင်အောင် လုပ်ပေးမှာပါ။ Auto Diagnostic Scanner စက်တွေနဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ Software error ဆိုရင် တစ်ခါတည်း ဖြေရှင်းပေးမှာ ဖြစ်ပြီး ကျန်တဲ့ ပြဿနာ တွေကိုတော့ မိမိနှစ်သက်ရာ မှာ
ပြုပြင်နိုင်အောင် စစ်ဆေး ပေးမှာပါ ... '' ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းကား နှင့် ဆက်စပ်နေသူ များထံမှ စစ်တမ်းများ ကောက်ယူသွားရန် ရှိပြီး မော်တော်ယာဉ်များ ဝယ်ယူရန် အတွက် သိလိုသည့် အချက်များကို တစ်ဦးချင်း တွေ့ဆုံ၍ ဆွေးနွေးတိုင်ပင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဝယ်ယူမယ့် သူတွေကို သူတို့သိလိုတဲ့ ကားတွေရဲ့ အချက်အလက် တွေ ပေးနိုင်မယ့် ငွေကြေးနဲ့ အဆင်ပြေပြေ ရနိုင်မယ့် ကားတွေကို ဆွေးနွေး ပေးသွားမှာပါ။ နောက်ဆုံးပေါ် ပြိုင်ကားတွေ ကိုလည်း လေ့လာနိုင်မှာ ဖြစ်ပြီး ပြိုင်ကားတွေ အတွက် Tuning လုပ်ဆောင်ဖို့ ညှိနှိုင်းပေးမှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။ 

ပြသမည့် ကုန်ပစ္စည်းများ အနေဖြင့် မော်တော်ယာဉ် အမျိုးမျိုး၊ မော်တော်ယာဉ် အလှဆင် ပစ္စည်းများ၊ စက်ဆီ ချောဆီများ၊ တာယာများ၊ ဘက်ထရီများ၊ ကားအော်ဒီယို နှင့် ဆက်စပ် ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ စသည့် ကဏ္ဍများ ပါဝင်သည့် ပြခန်းပေါင်း ၂၇၆ ခန်းပါဝင်ကာ ဘဏ်သုံးခု နှင့် ချိတ်ဆက် ဝယ်နိုင်ရန် စီစဉ် ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger