www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 9, 2014

အာဖရိကဆန်ဈေးကွက်တွင် မြန်မာ့ဆန်များကို ထိုင်းနိုင်ငံမှ ဆန်များက ဈေးကွက်ယှဉ်ပြိုင် လာသော်လည်း စိုးရိမ်စရာ အခြေအနေမရှိ


ရန်ကုန် ၊ ၉-၁၀-၂၀၁၄

မြန်မာနိုင်ငံ၏ အဓိက ပြည်ပ ဆန်ဈေးကွက် တစ်ခုဖြစ်သည့် အာဖရိက ဆန်ဈေးကွက် တွင် မြန်မာ့ဆန် များကို ထိုင်းနိုင်ငံ ဆန်များက ဈေးကွက် ယှဉ်ပြိုင် လာခဲ့ သော်လည်း စိုးရိမ်စရာ အခြေအနေ မရှိကြောင်း ဆန်စပါး လုပ်ငန်းရှင်များ ၏ ပြောကြားချက် အရ သိရသည်။

ထိုင်းနိုင်ငံသည် အောက်တိုဘာလ မှ စတင်ကာ ၄င်းတို့၏ အရန်ဆန် များကို အာဖရိက ဈေးကွက်သို့ တွင်ကျယ်စွာ တင်ပို့ရောင်းချလျက် ရှိသည့် ထို့ကြောင့် အာဖရိက ဆန်ဈေးကွက်တွင် ဈေးကွက် ခိုင်မာစွာ နေရာရရှိ နေပြီဖြစ်သည့် မြန်မာ့ ဆန်ဈေးကွက် ကို အနည်းငယ် ထိခိုက်မှု ရှိလာ နိုင်သော်လည်း မြန်မာ့ ဆန်ဈေးကွက်မှာ စိုးရိမ်စရာ အခြေအနေ မရှိနိုင်ကြောင်း ပြည်တွင်း ဆန်ဈေးကွက် အတွင်းမှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ ဈေးကွက်များ သို့ ဆန်တင်ပို့ ရာတွင် ဧည့်မထ ၂၅ မှတ် ဆန်အမျိုးအစား နှင့် ၅ မှတ် ဆန်များကိုသာ အများဆုံး တင်ပို့နေပြီး တန်းမြင့်ဆန် များကို အနည်းငယ်သာ တင်ပို့နိုင်သည်။ ထိုင်းနိုင်ငံမှ တန်းမြင့်ဆန် များကို အများအပြား တင်ပို့ ရောင်းချ နေသဖြင့် မြန်မာနိုင်ငံ ဆန်ဈေးကွက် အတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင် သော်လည်း အာဖရိကဆန်ဈေးကွက်တွင် မြန်မာ့ ဆန်ကိုသာ အဓိက စားသုံးနေသည့် နိုင်ငံ များစွာ ရှိသဖြင့် မြန်မာနိုင်ငံ ဆန်ဈေးကွက် အနေဖြင့် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင်လည်း မြန်မာ့ဆန် ဈေးကွက် အနေဖြင့် အာဖရိက ဆန်ဈေးကွက် များသို့ ဆန်တင်ပို့မှုမှာ ယခင်ကထက် ပိုမိုတင်ပို့လျက် ရှိကြောင်း သိရသည်။

အာဖရိက ဆန်ဈေးကွက် သို့ တစ်နှစ်လျှင် ဆန်တန်ချိန် ရှစ်သိန်း နီးပါးသာ တင်ပို့နိုင်ပြီး လက်ရှိတွင် ယခင်ထက် ပိုမိုတင်ပို့ ရောင်းချ ပေးနေ ခဲ့ရကြောင်း သိရသည်။ ထိုသို့ တင်ပို့ရာတွင် ပင်လယ် ရေကြောင်းမှ တင်ပို့မှုမှာ ဆန်တန်ချိန် လေးသိန်းကျော် ရှိကြောင်းနှင့် မြန်မာ့ဆန် များကို အာဖရိက ဆန်ဈေးကွက် များသို့ ပုံမှန်အတိုင်း ဆက်လက် တင်ပို့နိုင်ရေး လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေဒုံသား

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger