www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 9, 2014

နတ်မတောင် နှင့် အနီးဆုံး ကန်ပက်လက်မြို့ ၌ ဟိုတယ်ဇုန် တည်ဆောက်ရန် စတင်စီစဉ်


ချင်းပြည်နယ် ကန်ပက်လက် ရှိ နတ်မတောင် အမျိုးသား ဥယျာဉ်

ကန်ပက်လက် ၊ ၉-၁၀-၂၀၁၄

ချင်းပြည်နယ် အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက် လာစေရန်နှင့် တည်းခို နေထိုင်ရေး အဆင်ပြေ စေရန် နတ်မတောင် နှင့် အနီးဆုံး ကန်ပက်လက်မြို့ ၌ ဟိုတယ်ဇုန် တည်ဆောက်ရန် စတင်စီစဉ် နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ အချိန်တွင် ကန်ပက်လက်မြို့ ၌ ဟိုတယ် သုံးလုံးရှိပြီး အခန်းပေါင်း ၁ဝဝ ကျော် ရှိသည်။ ဟိုတယ်ဇုန် ဆောက်လုပ်ရန် မြေနေရာကို ကန်ပက်လက်မြို့ အနီး၌ လျာထားပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာ အတိအကျကို ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အမျိုးသား ဥယျာဉ်နှစ်ခု ဖြစ်သည့် နတ်မတောင် အမျိုးသား ဥယျာဉ် (ပုံ) နှင့် အင်းတော်ကြီးအိုင် သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေတို့မှာ ယူနက်စကို  ၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် နိုင်ရန် အဆိုတင်သွင်း ထားသော ဒေသများဖြစ်ပြီး လက်ရှိ အချိန်တွင် သွားလာရန် ခက်ခဲ နေသေးသော်လည်း မကြာမီ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် နိုင်ဖွယ် ရှိကြောင်း သိရသည်။

အဆိုပါ နယ်မြေနှစ်ခု ကို ယူနက်စကို ၏ ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ရန် ရွေးချယ်ခြင်း ခံရပါက မြန်မာနိုင်ငံ၌ ပထမဆုံး ရွေးချယ်ခံရသည့် အမျိုးသား ဥယျာဉ် နေရာများ ဖြစ်လာ နိုင်ကြောင်း သိရသည်။

ချင်းပြည်နယ် (တောင်ပိုင်း)ရှိ ဝိတိုရိယတောင် ခေါ် နတ်မတောင် အမျိုးသား ဥယျာဉ်သည် ခရီးသွား ဧည့်သည်များအား ဆွဲဆောင် နိုင်မည့် နေရာသစ် တစ်ခု ဖြစ်လာ နိုင်သည့် အလားအလာ ကောင်းများ ရှိနေသည်။ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကို စတင်ခွင့်ပြု ပေးခဲ့ပြီး လက်ရှိ အချိန်ထိ ခရီးသွား ဧည့်သည် ၁၀၀၀ ကျော် ၀င်ရောက် လေ့လာသွားပြီ ဖြစ်ကာ ဟိုတယ်ဇုန် တည်ဆောက်ပြီးစီး ပါက ခရီးသွား အဝင်အထွက် မှာ ပိုမိုများပြား လာနိုင်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger