www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 26, 2014

ချင်းပြည်နယ် ဟားခါးတွင် အိန္ဒိယတက္ကသိုလ်ခွဲ တစ်ခုဖွင့်လိုကြောင်း ကမ်းလှမ်း



ဟားခါး ၊ ၂၆-၁၀-၂၀၁၄

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် မြို့မိမြို့ဖ ကော်မတီတို့က တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရန် ဘက်ပေါင်းစုံမှ လုပ်ဆောင် နေကြရာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ South East Asia Open University က လာရောက် ဖွင့်လှစ်ပေးလို သည်ဟု ကမ်းလှမ်း လာကြောင်း ကိုယ့်အားကိုယ်ကိုး တက္ကသိုလ် တရားဝင် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသူ တစ်ဦးထံမှ သိရသည်။

၂ဝ၁၃ ခုနှစ် သြဂုတ်လက နိုင်ငံတော် သမ္မတရုံးနှင့် အခြားနေရာ တို့ထံ ဟားခါးမြို့၌ တက္ကသိုလ် ဖြစ်မြောက်ရေး တရားဝင် တင်ပြ လျှောက်ထားခြင်း ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံက မန္တလေးတွင် သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန တို့ ပူးပေါင်းကာ နည်းပညာဆိုင်ရာ တက္ကသိုလ် တစ်ခုကို ယခုနှစ်တွင် စတင်ဖွင့်လှစ် ထား၍ ဟားခါးမြို့ ၌လည်း ဖွင့်လှစ်နိုင်ရေး အတွက် အဆင်ပြေရန် မျှော်လင့် ထားကြောင်း၊ ချင်းပြည်နယ်မှ နှစ်စဉ် တက္ကသိုလ် ဝင်တန်း အောင်မြင်သူ ဦးရေ ၁ဝဝဝ မှ ၁၄ဝဝ ခန့် ရှိသော်လည်း ဦးရေ ၃ဝဝ ခန့်သာ အဆင့်မြင့် ပညာကို ဆက်လက် ဆည်းပူး နိုင်ကြောင်း သိရသည်။

''ချင်းပြည်နယ်မှာ ဆယ်တန်း အောင်တဲ့သူ တွေက တစ်နှစ် တစ်နှစ်မှာ ထောင်ဂဏန်းနဲ့ ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေ မရှိဘဲနဲ့တော့ တက္ကသိုလ် တက်ဖို့ စရိတ်မရှိလို့ တက္ကသိုလ် မတက်ခဲ့ရတဲ့ တက္ကသိုလ် ဝင်တန်းအောင် ချင်းကျောင်းသားတွေ အများကြီး ရှိပါတယ်။ အများစုက နိုင်ငံရပ်ခြား ထွက်တဲ့အထိ ရောက်သွားတာ နှမြောစရာ ကောင်းပါတယ်။ အခု ကျောင်းတက် နေတဲ့ဟာက အိမ်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာမှာ တက္ကသိုလ် တက်နေရတဲ့ အခါကျတော့ ချင်းပြည်နယ် အတွင်းမှာ တစ်နေရာရာ ဖြစ်ဖြစ် တက္ကသိုလ် ရှိရင် ကျောင်းသား လူငယ်လေး တွေကသူတို့ တက္ကသိုလ် ဝင်တန်းအောင် တဲ့ အခါကျရင် တက္ကသိုလ် 

ကျောင်း တက်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်လေး ရှိလာပြီး ကျောင်းတက်ချင် စိတ်လဲ ပိုပြီးတော့ ရှိလာမှာပါ။ အဆင့်မြင့် တက္ကသိုလ် တည်ဆောက် နိုင်ရေးနဲ့ ပတ်သက်လို့ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်မှာ အကောင် အထည်ဖော် နိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ် ... ''ဟု တက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး တစ်ဦးက ပြောပြသည်။

တက္ကသိုလ် ပညာရေး ဥပဒေကြမ်းတွင် Public University, Private University နှင့် Public Private Partnership University ဟု ပါရှိသည့်အတွက် ၄င်းတို့ အနေဖြင့် Public Private Partnership University ပုံစံဖြင့်တက္ကသိုလ် ထူထောင်ရန် အစိုးရထံ တင်ပြကာ ညှိနှိုင်း ဆောင်ရွက် သွားပြီး တက္ကသိုလ် ပညာရေး ဥပဒေ နှင့် အမျိုးသား ဥပဒေနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၅- ၂ဝ၁၆ ပညာသင် နှစ်တွင် တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သုဏ်ဆဏ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger