www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 9, 2014

တရုတ်နိုင်ငံမှ ၀င်လာသော လက်ဖက် က မြန်မာ့လက်ဖက် ကို ဈေးကွက် မယှဉ်နိုင်


တရုတ်နိုင်ငံမှ ၀င်လာသော လက်ဖက် က မြန်မာ့လက်ဖက် ကို ဈေးကွက် မယှဉ်နိုင်

တရုတ်နိုင်ငံ မှ လက်ဖက် များမှာ မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်များကို ဈေးကွက် မယှဉ်ပြိုင် နိုင်သဖြင့် ပြည်တွင်း ဈေးကွက်တွင် မြန်မာလက်ဖက် ဈေးကွက် အရောင်းအဝယ် သွက်နေကြောင်း ပြည်တွင်း လက်ဖက် ကုန်သည်များထံမှ သိရသည်။ 

ပြည်တွင်း ဈေးကွက်သို့ တရုတ်နိုင်ငံမှ လက်ဖက် ဝင်ရောက်မှု ရှိသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက် များသည် သန့်ရှင်း လတ်ဆတ်ပြီး တရုတ်နိုင်ငံမှ ဝင်လာသည့် လက်ဖက် များထက် ပြည်တွင်း စားသုံးသူ များ၏ အကြိုက်နှင့် လိုက်လျော ညီထွေ ရှိနေခဲ့ကြောင်း သိရသည်။ ပြည်တွင်း လက်ဖက် လုပ်ငန်းများမှာ လက်ဖက် ထုတ်လုပ်ရာတွင် ရှေးယခင် ကထက် ပိုမိုခေတ်မီ တိုးတက်မှုများ ရှိလာခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်း ဖြစ်သဖြင့် အချိန်တို အတွင်းမှာပင် ဈေးကွက် များသို့ ဖြန့်ဖြူး ရောင်းချ နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်များမှာ သန့်ရှင်း လတ်ဆတ်မှု ရှိပြီး မြန်မာ့အကြိုက် အရသာ ရှိနေသဖြင့် စာသုံးသူများ အနေဖြင့် မြန်မာ့ လက်ဖက်များ ကိုသာ နှစ်သက်စွာ ဝယ်ယူစားသုံး နေကြသော ကြောင့် ဈေးကွက်တွင် ပြည်တွင်း လက်ဖက် အရောင်းသွက် နေခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း စားသုံးသူများ အနေဖြင့် ပြည်တွင်းထွက် လက်ဖက်များ ကိုသာ ဝယ်ယူစားသုံး နေကြသဖြင့် ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ ဘူတာရုံများ၊ ဈေးရုံဆိုင်ခန်း များနှင့် လူစည်ကားရာ နေရာဒေသ လက်ဖက်ဆိုင် များတွင် ပြည်တွင်း လက်ဖက် များကိုသာ အဓိက ရောင်းချ နေကြသည်။ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ပေါ်ရှိ ၁၁၅ မိုင်၊ နေပြည်တော် ဂိတ်ဝ၊ မိတ္ထီလာ စသည့် ယာဉ်ရပ်နား စခန်းများ၊ ထမင်းဆိုင် များနှင့် အိမ်ပြန် လက်ဆောင် ပစ္စည်း ရောင်းချသည့် ဆိုင်များ တွင်လည်း မြန်မာ့ လက်ဖက်များ ကိုသာ ရောင်းချ နေသည်ကို တွေ့မြင် ရသည်။

ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံးမှ မြန်မာ့ လက်ဖက်များ ကိုသာ နှစ်သက်စွာ စားသုံး နေကြသဖြင့် တရုတ် လက်ဖက် များ၌ ပြည်တွင်းထွက် လက်ဖက်များကို ဈေးကွက် မယှဉ်ပြိုင် နိုင်ခြင်း ဖြစ်ကြောင်း လက်ဖက် ရောင်းချ သူများက ဆိုသည်။

တရုတ် လက်ဖက် များမှာ ပြည်တွင်း ဈေးကွက်တွင် မြန်မာ့လက်ဖက် များကို ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် ယခုအခါ ဝင်ရောက်မှု သိသာစွာ နည်းပါး လာပြီဟု လက်ဖက် ကုန်သည်များက ဆိုသည်။ မြန်မာနိုင်ငံမှ လက်ဖက်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများတွင် အဓိက စိုက်ပျိုးနေခြင်း ဖြစ်သည်။ လက်ရှိ လက်ဖက် ဈေးကွက်တွင် လက်ဖက် အထွက်နှုန်း နည်းနေပြီး လက်ဖက်ခူး လုပ်သား ရှားပါးမှုများ ကြုံတွေ့ နေရသည်။ ပြည်တွင်း လက်ဖက် စားသုံးမှု အခြေအနေ များမှာ လက်ဖက်စိုကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် စားသုံးမှု များပြားပြီး လက်ဖက် အချိုခြောက် များကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြို့ရွာ ဒေသများတွင် စားသုံးမှု ပိုမိုများပြား လာကာ ပြည်တွင်း လက်ဖက် ဈေးကွက်မှာ ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်း ကာလမှ စ၍ ပိုမို အရောင်းသွက် လာခဲ့ကြောင်း လေ့လာ သိရှိ ရသည်။ ။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger