www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 24, 2014

မိဘမဲ့ တိုင်းရင်းသား လူငယ်လေးများအား ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၄-၉-၂၀၁၄

မြန်မာနိုင်ငံ တောင်ပေါ်ဒေသ များရှိ မိဘမဲ့ တိုင်းရင်းသား လူငယ်များ ၏ ကျန်းမာရေး နှင့် ပညာရေး ဆိုင်ရာ ကဏ္ဍများတွင် ကူညီထောက်ပံ့ ပေးနိုင်ရန် ရည်ရွယ်ချက် ဖြင့် ပြည်တွင်းမှ နာမည်ကျော် ဂီတ အနုပညာရှင် များနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းကာ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲ တစ်ခုကို ရန်ကုန်မြို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ ၌ ကျင်းပရန် စီစဉ်ထားပြီး နာမည်ကြီး အဆိုတော်များ ဖြစ်ကြသော ဂရေဟမ်၊ ဘိုဖြူ၊ စုမီ၊ စိုင်းလိတ်၊ စိုင်းထက်လျှောင်း စသည့် ဂီတ အနုပညာရှင် များ၊ ရှမ်း၊ လီဆူး၊ ပအိုးဝ် တိုင်းရင်းသား အဆိုတော် များနှင့် ယဉ်ကျေးမှု အကအဖွဲ့ များ ပါဝင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

''အခု ပြုလုပ်မယ့် ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲကို စီစဉ်ရတဲ့ ရည်ရွယ်ချက် က ရှမ်းပြည်နယ် မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ၊ ခရစ်ယာန် စာသင်ကျောင်း တွေနဲ့ မယ်သီလရှင် ကျောင်းတွေမှာ ရှိတဲ့ မိဘမဲ့ တိုင်းရင်းသား လူငယ်လေး တွေရဲ့ နောင် အနာဂတ် ဖွံ့ဖြိုး တိုးတက် လာဖို့အတွက် သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ ပေးချင်လို့ပါ .. '' ဟု ယင်း ဂီတ ဖျော်ဖြေပွဲ ဖြစ်မြောက်ရေး တွင် စီစဉ် ဆောင်ရွက် နေသော Shanyoma Entertainment မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဂီတ ဖျော်ဖြေပွဲမှ ရရှိလာသော ရန်ပုံငွေ များကို တောင်ပေါ် ဒေသများရှိ စာသင်ကျောင်း အချို့အား လှူဒါန်း သွားမည့် အပြင် နောက်ထပ် အလှူရှင်များ ထပ်မံ ပေါ်ထွက်လာ စေရန် အတွက်လည်း ကြိုးပမ်း
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် အဆိုပါ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲမှ ရရှိလာသော ငွေကြေးများကို တောင်ကြီးမြို့ရှိ စာသင်ကျောင်း ငါးကျောင်း၊ လားရှိုးမြို့ရှိ စာသင်ကျောင်း နှစ်ကျောင်း၊ မူဆယ်မြို့ရှိ စာသင်ကျောင်း နှစ်ကျောင်း နှင့် မိုးကုတ်မြို့ရှိ စာသင်ကျောင်း တစ်ကျောင်း တို့ကို လှူဒါန်း သွားရန် ရည်ရွယ် ထားကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger