မန္တလေး ကရဝိက် ရေပေါ်ရွေ့လျား ဟိုတယ်
မန္တလေး ၊ ၂၉-၉-၂၀၁၄
မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေပေါ် ရွေ့လျားဟိုတယ် ဖြစ်သည့် မန္တလေး ကရဝိက် ရေပေါ်ရွေ့လျား ဟိုတယ်ကို အောက်တိုဘာ ဒုတိယပတ် တွင် ဖွင့်လှစ် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း ဟိုတယ် မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းထွန်း ၏ ပြောကြားချက် အရ သိရသည်။
ကရဝိက်ဟိုတယ် ၏ ရှေ့ဦးပိုင်းတွင် ဘုရင်၊ မိဖုရား၊ စစ်သူကြီး၊ မှူးမတ်၊ ဝန်ကြီး၊ အခြွေအရံ တို့ဖြင့် တိုင်းခန်း လှည့်လည် နေသည့်ဟန် ဖော်ကျူး ထားမည့် တည်ဆောက်မှု ပိုင်းသည် ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်ပြီး အချောသပ် မွမ်းမံသည့် အဆင့်များ လုပ်ဆောင် နေပြီဖြစ်ရာ သီတင်းကျွတ် လပြည့်နေ့ ဝန်းကျင်တွင် ဖွင့်လှစ်နိုင် လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း ၄င်းက ဆက်လက် ပြောသည်။
အလျားပေ ၂၅ဝ၊ အနံပေ ၇ဝ ကျယ်ဝန်းသည့် အဆိုပါ ဟိုတယ်ကို အထပ် သုံးထပ်ဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။ အဆိုပါ ရေပေါ်ရွေ့လျား ဟိုတယ် ၌ နိုင်ငံခြား ခရီးသွားများ နှင့် ပြည်တွင်း ခရီးသွားများ ကိုပါ လက်ခံမည် ဖြစ်ပြီး လစဉ် စုံဂဏန်း ကျသည့်ရက် များ၌ ရွှေကြက်ယက် နှင့် စစ်ကိုင်းတံတား ဘက်သို့ ထွက်ခွာမည် ဖြစ်ပြီး မ, ဂဏန်းကျသည့် ရက် များ၌ မင်းကွန်းဒေသ ဘက်သို့ ထွက်ခွာပေးမည် ဖြစ်ကြောင်း သိရှိရသည်။
#Yadanarpondaily






No comments:
Post a Comment