www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 9, 2014

ရန်ကုန်မြို့ ၌ Art for Health အမည်ရှိ ပုသိမ်ထီးပန်းချီ အနုပညာပြပွဲ တစ်ရပ်ကျင်းပရန် စီစဉ်


ရန်ကုန် ၊ ၉-၉-၂၀၁၄

ပြည်တွင်းရှိ BBHC ကျန်းမာရေး အဖွဲ့နှင့် ပန်းချီ ပညာရှင်များ ပူးပေါင်း၍ '' ကျန်းမာ ခြင်းဖြင့် ရွှင်လန်း အနုပညာအစွမ်း '' ( Art for Health ) အမည်ရှိ ပုသိမ်ထီး (ပုံ) ပန်းချီ အနုပညာ ပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလလမ်း နှင့် ပန်းဆိုးတန်း လမ်းထောင့် ၌ ဖွင့်လှစ် ထားသော Pansodan Scene ၌ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ပုသိမ်ထီး ပန်းချီ အနုပညာ ပြပွဲတွင် မြန်မာနိုင်ငံရှိ ပန်းချီဆရာ များ၏ ဆန်းသစ် တီထွင်ထားသော အနုပညာ လက်ရာများကို ပြည်သူများ၊ ပန်းချီ ဝါသနာရှင် များနှင့် မိတ်ဆက်ပေးရန်၊ ပန်းချီ အနုပညာဖြင့် စိတ်ရွှင်လန်း ကျန်းမာသော လူမှုဘဝ တည်ဆောက် ရာတွင် တစ်ဖက် တစ်လမ်းမှ ကူညီ ထောက်ပံ့ နိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း ပြပွဲ ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်သူ တစ်ဦးက ပြောသည်။

၎င်းပြပွဲမှ ရရှိလာသော ငွေကြေးများကို ချို့တဲ့သော ပြည်သူများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ဆရာဝန်များ နှင့် သူနာပြုများ အစရှိသော ကျန်းမာရေး ဝန်ထမ်းများ၏ ကုသမှု စွမ်းရည် တိုးတ် လာစေရန် ထောက်ပံ့ခြင်း ၊ ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက် နိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ရက်စနစ် တစ်ခု တည်ထောင်ခြင်း နှင့် ပြည်သူများ အတွက် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေ ပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုလက်ရှိ BBHC ကျန်းမာရေး အဖွဲ့မှ အခမဲ့ လုပ်ဆောင် ပေးလျက် ရှိသော ရောဂါ ရှာဖွေ ကုသခြင်း ၊ သွေးဖောက် စစ်ဆေးခြင်း ၊ ဓာတ်မှန် ရိုက်ခြင်း ၊ ဆေးရုံ တက်ရန် လိုအပ်သော လူနာများ အတွက် ကူညီ ထောက်ပံ့ ပေးခြင်း စသည့် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးသည့်အပြင် ချို့တဲ့သော ပန်းချီ ပညာရှင် ကြီးများအား ငွေကြေး ထောက်ပံ့ ရာတွင်လည်း ပုသိမ်ထီးများ ပန်းချီ အနုပညာ ပြပွဲမှ ရရှိလာသော ငွေကြေးများကို သုံးစွဲ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger