www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 19, 2014

အီဘိုလာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသည့် ဝေဒနာရှင် များကို စမ်းသပ် ဆေးဝါးများ စတင် တိုက်ကျွေးလျက်ရှိ


မွန်ရိုဗီးယား ၊ ၁၉-၈-၂၀၁၄

လိုက်ဘေးရီးယား အာဏာပိုင် များသည် နိုင်ငံအတွင်းရှိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံ ရသည့် ဝေဒနာရှင် များကို အမေရိကန် ပြည်ထောင်စု တွင် ထုတ်လုပ် ခဲ့သည့် စမ်းသပ်ဆေးဝါး များကို စတင်တိုက်ကျွေး ခဲ့ပြီဖြစ်ကြောင်း အဆိုပါနိုင်ငံ မှ ကျန်းမာရေး ဝန်ကြီးဌာန က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ စမ်းသပ် ဆေးဝါးသည် နိုင်ငံအတွင်းသို့ လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး တိုက်ကျွေး ခဲ့သည့် ဝေဒနာရှင် များတွင် ရောဂါပိုး ကူးစက်ခံ ရသည့် ဆရာဝန်များလည်း ပါရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး တိုဘာ့တ်ညန်ဆွာ က နိုင်ငံ အတွင်းရှိ ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ ကို ပြောကြား ခဲ့သည်။

ZMapp အမည်ရှိ ဆေးဝါးကို လိုက်ဘေးရီးယား နိုင်ငံ သမ္မတ အယ်လန်ဂျွန်ဆင် က နိုင်ငံအတွင်း ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် အမေရိကန် အစိုးရကို သြဂုတ် ၈ ရက်က တောင်းဆို ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လိုက်ဘေးရီးယား နိုင်ငံသည် အဆိုပါ ဆေးဝါး အနည်းငယ်သာ ရရှိခဲ့ကြောင်း ပြောကြား ထားသော်လည်း လက်ခံ ရရှိခဲ့သည့် ပမာဏ အတိအကျကို ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ နိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရမှု ကြောင့် လူပေါင်း ၄၁၃ ဦးသေဆုံး ခဲ့ပြီး ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု တွင် ZMapp အမည်ရှိ ဆေးဝါးကို အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံ ရသူများကို စမ်းသပ် တိုက်ကျွေး ခဲ့ရာမှ ယခုအခါတွင် ဝေဒနာ တိုးတက် ကောင်းမွန် လာသည့် လက္ခဏာ များကို တွေ့ရှိ ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger