www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 11, 2014

အသစ် တည်ဆောက်လျက် ရှိသည့် ဘိလပ်မြေ စက်ရုံများ ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန် ၁၀ သန်းကျော် တိုးမြှင့် ထုတ်လုပ်နိုင်မည်



ရန်ကုန် ၊ ၁၁-၈-၂၀၁၄

မြန်မာနိုင်ငံ အတွင်း လိုအပ်လျက် ရှိသော ဘိလပ်မြေ ပမာဏ ရရှိရန် အတွက် အသစ် တည်ဆောက်လျက် ရှိသည့် ဘိလပ်မြေ စက်ရုံများ ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန် ၁၀ ဒသမ ၅၃ သန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်မည် ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ အတွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက် ရှိရာ စီးပွားရေး အဆောက်အဦ များ တည်ဆောက်မှု မှာလည်း များပြား လာသည်။ ထို့ကြောင့် ဆောက်လုပ်ရေး ကဏ္ဍများ အတွက် လိုအပ်သော ဘိလပ်မြေ ပမာဏ ရရှိရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကိုလည်း ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပိုင် နှင့် ပုဂ္ဂလိက မှ အသစ် တည်ဆောက်လျက် ရှိသော ဘိလပ်မြေ စက်ရုံများ ရှိနေပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အသစ် တည်ဆောက်လျက် ရှိသော ဘိလပ်မြေ စက်ရုံ ၉ ရုံအထိ ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ ၌ အစိုးရပိုင် ဘိလပ်မြေ စက်ရုံ ၃ ရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ ၁၂ ရုံအထိ ရှိပြီး ယင်းစက်ရုံများမှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီး နိုင်မည်ဟု ခန့်မှန်း ထားသည်။

ယခုအခါ စက်မှု ၀န်ကြီးဌာန လက်အောက်ရှိ ကြံခင်း ဘိလပ်မြေ စက်ရုံကို တန်ချောင် Nissan Co., Ltd ( မလေးရှား နိုင်ငံ ) နှင့် အကျိုးတူ ပူးပေါင်းရန် ပြင်ဆင် နေကြောင်း ၊ ယင်းအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု များကိုလည်း ထပ်မံ ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘိလပ်မြေ စက်ရုံအသစ် များကို မန္တလေးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် စသည့် ဒေသများ၌ တည်ဆောက်လျက် ရှိပြီး လတ်တလော တွင် နိုင်ငံသား ပိုင် ရင်းနှီးမြှုပ်နှံမှု ပိုမို များပြားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များမှာ နည်းနေ သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် လိုအပ်သော ဘိလပ်မြေ ပမာဏ ကို ထိုင်းနိုင်ငံ မှ အဓိက တင်သွင်း နေကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger