www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 6, 2014

ယာဉ်ကြော ကျပ်တည်းမှု မရှိစေရေး ယာဉ်ရပ်နား ကန့်သတ်ဇုန် ကိုးဇုန် သတ်မှတ်ထား


ရန်ကုန် ၊ ၆-၈-၂၀၁၄

ရန်ကုန်မြို့တွင်း တိုးတက် များပြားလာသော မော်တော်ယာဉ် များကြောင့် ယာဉ်ကြော ကျပ်တည်းမှု  မဖြစ်စေရန် အတွက် CBD Area ( Central Business District ) အတွင်း ယာဉ်ရပ်နားရာ နေရာများတွင် စနစ်တကျ ရပ်နားနိုင်ရန် ယာဉ်ရပ်နား ကန့်သတ်ဇုန် ( Parking Restricted Zone ) ကိုးဇုန် သတ်မှတ်၍ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါဇုန် ကိုးဇုန်မှာ-

ဇုန်-A 
ဝါးတန်းလမ်းမှ ဘုန်းကြီးလမ်း အထိ (ဘုန်းကြီးလမ်း မပါ)၊ ဝါးတန်းလမ်း၊ လမ်းသစ်လမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း (၅ လမ်းမှ ၁၂ လမ်းအထိ မပါ)၊ (ကိုင်းတန်းလမ်း နှင့် လှည်းတန်းမပါ) ။

ဇုန်-B
ဘုန်းကြီးလမ်းမှ လမ်းမတော်လမ်း အထိ (လမ်းမတော်လမ်း မပါ) ဘုန်းကြီးလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ (၁၃ လမ်း မှ ၆ လမ်းအထ မပါ)၊ (ရွှေတောင်တန်းလမ်းမပါ)။

ဇုန်-C
လမ်းမတော်လမ်း မှ ရွှေတိဂုံ ဘုရားလမ်း အထိ (ရွှေတိဂုံဘုရား လမ်းမပါ)၊ လမ်းမတော်လမ်း၊ လသာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ (လမ်း၂ဝ မှ ၂၄ လမ်းအထိ မပါ)၊ (စဥ့်အိုးတန်းလမ်း နှင့် ဗိုလ်ရွှဲလမ်းမပါ) ။ 

ဇုန်-D
ရွှေတိဂုံ ဘုရားလမ်းမှ ဆူးလေ ဘုရားလမ်း အထိ (ဆူးလေဘုရား လမ်းမပါ)၊ ရွှေတိဂုံ ဘုရားလမ်း၊ ရွှေဘုံသာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း (၂၅ လမ်းမှ ၃၂ လမ်းအထိ မပါ)၊ (ကုန်ဈေးတန်းလမ်း နှင့် ဗိုလ်ဆွန်ပက်လမ်း မပါ)။

ဇုန်-E
ဆူးလေ ဘုရားလမ်းမှ ပန်းဆိုးတန်းလမ်း အထိ (ပန်းဆိုးတန်းလမ်း မပါ)၊ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဘဏ်လမ်း (၃၃ လမ်းမှ ၃၆ လမ်းအထိ မပါ)၊ (မဟာဗန္ဓုလ ပန်းခြံလမ်း၊ အထက်၊ အလယ်ဘလောက် နှင့် အထက် ဘလောက် မပါ)။

ဇုန်-F 
ပန်းဆိုးတန်းလမ်းမှ ဗိုလ်အောင်ကျော် လမ်းအထိ (ဗိုလ်အောင်ကျော် လမ်းမပါ)၊ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း (ဆိပ်ကမ်းသာလမ်း မပါ)။

ဇုန်-G
ဗိုလ်အောင်ကျော် လမ်းမှ သိမ်ဖြူလမ်း အထိ ဗိုလ်အောင်ကျော်လမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း (၄၁ လမ်းမှ ၄၄ လမ်းမပါ)။

ဇုန်-H
သိမ်ဖြူလမ်းမှ ဗိုလ်တထောင် ဘုရားလမ်း အထိ (သိမ်ဖြူလမ်းမပါ) ဗိုလ်မြတ်ထွန်း လမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာ ဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း (၄၅ လမ်း မှ ၅၁ လမ်းအထိ မပါ)။

ဇုန်-I
ဗိုလ်တထောင် ဘုရားလမ်းမှ ဗိုလ်တထောင် ဈေးလမ်းအထိ (ဗိုလ်တထောင် ဘုရားလမ်း မပါ) အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဈေးလမ်း (၅၃ လမ်း မှ ၅၆ လမ်းအထိ မပါ)

နေရာများ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးေ က်ာမတီမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နား ကန့်သက်ဇုန် ကိုးဇုန် သတ်မှတ်၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ယာဉ်တစ်စီးလျှင် ငွေကျပ် ၂ဝဝ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger