www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 13, 2014

ခရီးသွားလုပ်ငန်း တိုးတက် လာသည်နှင့်အမျှ ကြယ်ပွင့်အဆင့် ဟိုတယ်များ ပိုမိုလိုအပ်လာ


ရန်ကုန် ၊ ၁၃-၈-၂၀၁၄

မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်းများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက် လာသော်လည်း ပြည်ပ ခရီးသွားများ တည်းခိုရန် လိုအပ်သည့် ကြယ်ပွင့်အဆင့် ဟိုတယ်များ နည်းပါးလျက် ရှိခြင်းကြောင့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်များ ယခုထက် ပိုမို လိုအပ် လာကြောင်း ခရီးသွား လုပ်ငန်းရှင် များက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကြယ်ပွင့် အဆင့် သတ်မှတ် ပေးထားသည့် ဟိုတယ်များတွင် ကြယ်ငါးပွင့် အဆင့် ဟိုတယ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၆ လုံးသာရှိပြီး အခြားသော ကြယ်ပွင့်အဆင့် ဟိုတယ်များမှာ ပိုမို များပြား နေသည့် အတွက် ဟိုတယ်လုပ်ငန်း လုပ်ကိုင် ကြသူများ အနေဖြင့် မိမိတို့ ဟိုတယ်များအား သတ်မှတ် ထားသည့် စည်းကမ်းချက် များနှင့်အညီ လုပ်ကိုင်ကာ ကြယ်ပွင့်အဆင့် တက်လှမ်း နိုင်ရန်အတွက် လုပ်ဆောင် သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင် များပြ ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် ကြယ်လေးပွင့် အဆင့် ဟိုတယ် ၁၇ လုံး ၊ ကြယ်သုံးပွင့် အဆင့် ဟိုတယ် ၈၃ လုံး ၊ ကြယ်နှစ်ပွင့် အဆင့် ဟိုတယ် ၁၁၆ လုံး ၊ ကြယ်တစ်ပွင့် အဆင့် ဟိုတယ် ၁၀၂ လုံး ၊ အသိအမှတ်ပြု ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုရိပ်သာ ၅၉၉ လုံး ၊ စုစုပေါင်း တစ်နိုင်ငံလုံး ရှိ ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုရိပ်သာ ၉၁၇ လုံးရှိပြီး အခန်းပေါင်း ၃၄၈၃၄ ခန်းအထိ ခွင့်ပြု ပေးခဲ့သည်။

မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းနှင့် အတူ ဟိုတယ် လုပ်ငန်းများ မှာလည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုး တိုးတက်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ဟိုတယ် ၇၈၇ လုံး ၊ အခန်းပေါင်း ၂၈၂၉၁ ခန်း ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဟိုတယ် ၉၁၇ လုံး ၊ အခန်းပေါင်း ၃၄၈၃၄ ခန်း အထိ တိုးတက် လာခဲ့သည်။ ၂၀၁၄ ခုနှစ် မေလအထိ ဟိုတယ် အလုံးရေ ၁၀၀၀ ၊ အခန်းပေါင်း ၃၈၇၂၂ ခန်းအထိ တိုးတက် လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောများ နှင့် စင်းလုံးငှား လေယာဉ် များဖြင့် မြန်မာနိုင်ငံ သို့ အလည်အပတ် လာရောက်သည့် ခရီးစဉ် များမှာလည်း နှစ်စဉ် တိုးတက်လျက် ရှိကြောင်း သိရှိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger