www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 8, 2014

ပဲခူးမြို့နယ် အတွင်းရှိ ရေဘေးသင့် ဒေသခံပြည်သူမျးအား ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး


ပဲခူးမြို့ ရှိ ရေဘေးသင့် ပြည်သူများအား ရေဘေး ကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးစဉ်

ပဲခူးမြို့ ရှိ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာ များနှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးစဉ်

နေပြည်တော် ၊ ၈-၈-၂၀၁၄

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက် လာပြီး သြဂုတ်လ ၄ ရက်တွင် ပဲခူးမြို့ ပေါ်ရှိ ရပ်ကွက်များ ဖြစ်သော ကွန်းသာယာ ၊ ကလျာဏီ ၊ မဇင်း ၊ ဇိုင်းဂနိုင်း (တောင် / မြောက်) ကျောက်ကြီးစု ရပ်ကွက်များသို့ ပဲခူးမြစ်ရေ ၀င်ရောက် ခဲ့သဖြင့် အိမ်ထောင်စု ၂၂၄၇ စု ၊ လူဦးရေ ၁၁၂၁၈ ဦးတို့သည် ရေဘေးဒုက္ခ နှင့် ကြုံတွေ့ရလျက် ရှိသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တို့မှ တပ်မတော်သား များက ရေဘေး ကယ်ဆယ်ရေး စခန်း ၁၄ ခု ဖွင့်လှစ်ပြီး ရေဘေး ကင်းလွတ်ရာ နေရာများသို့ လှေ ၊ သမ္ဗန်များဖြင့် ရွှေ့ပြောင်း နေရာချထား ပေးခြင်း ၊ သောက်သုံးရေ နှင့် အစားအစာ များ ပေးဝေခြင်း ၊ ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့ကို ကယ်ဆယ်ရေး စခန်းများ အလိုက် ဖြန့်ခွဲ ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက်မှု အခြေအနေများ ၊ သောက်သုံးရေ နှင့် စားသောက်ဖွယ်ရာ များ ပေးဝေခြင်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေ များကို ယမန်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော် နှင့် တာဝန်ရှိ သူများက လိုက်လံ ကြည့်ရှုပြီး ရေဘေး ဒုက္ခသည် များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ လိုအပ်သည့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် ကူးစက်ရောဂါ ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် တိုင်းမှူးများ နှင့် တာဝန်ရှိ သူများသည် ပဲခူးမြို့ ၊ ကျောက်ကြီးစု ရပ်ကွက်ရှိ ပဲခူးမြို့ပတ် တာပေါင်သို့ သွားရောက်ပြီး ပဲခူးမြစ်ရေလျှံမှု မှ ကာကွယ်နိုင်ရန် အတွက် တပ်မတော်သား များက မြေအိတ် ၊ သဲအိတ်များဖြင့် တာပေါင် အား ထပ်ဆင့် မြှင့်တင် ဆောင်ရွက်မှု အခြေအနေ များကို လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယမန်နေ့တွင် ပဲခူးမြို့ ရေဘေးသင့် ပြည်သူများ အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တို့မှ အရာရှိ စစ်သည် မိသားစုများက ရေသန့်ဘူး များနှင့် စားသောက် ဖွယ်ရာများ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger