www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 14, 2014

အွန်လိုင်းဗီဇာစနစ် အား စက်တင်ဘာလ ၁ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စတင် အသုံးပြုမည်


ရန်ကုန် ၊ ၁၄-၈-၂၀၁၄

မြန်မာနိုင်ငံ သို့ လာရောက်မည့် နိုင်ငံတကာ မှ ခရီးသည်များ အတွက် အွန်လိုင်း ဗီဇာစနစ် ဖြစ်သည့် e-Visa အား စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေိပ် ၌ စတင် အသုံးပြု သွားမည် ဖြစ်ကြောင်း လေဆိပ် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မှ သိရသည်။

အဆိုပါ e-Visa စနစ်သည် မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည် များသာ လျှောက်ထား နိုင်မည် ဖြစ်ပြီး အခြား စီးပွားရေး ၊ လူမှုရေး ကိစ္စများဖြင့် မြန်မာနိုင်ငံ သို့ လာရောက်မည့် ခရီးသည် များအတွက် ပါဝင်ခြင်း မရှိသေးကြောင်း လည်း သိရသည်။ ယခု e-Visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင် ပြီးမှသာ အခြား စီးပွားရေး နှင့် လူမှုရေး ဗီဇာ များအား ထပ်မံ ခွင့်ပြု ပေးသွားရန် စီစဉ် ထားကြောင်း သိရသည်။

ယခု ခွင့်ပြုမည့် e-Visa စနစ်သည် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မိမိတို့ နိုင်ငံမှ အွန်လိုင်းဖြင့် မြန်မာနိုင်ငံ ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ( လ၀က ) ၏ ၀က်ဘ်ဆိုက် လိပ်စာသို့ ဗီဇာ လျှောက်ထား ရမည်ဖြစ်ကာ ဗီဇာ ခွင့်ပြုချုပ်အား တစ်ပတ် အတွင်း ပြန်လည် ပေးပို့ ပေးသွားမည် ဖြစ်သည်။ အဆိုပါ ခွင့်ပြုချက်အား Print ထုတ်၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ နိုင်ငံကူး လက်မှတ်နှင့် အတူ တင်ပြ၍ ၀င်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဗီဇာ သက်တမ်းမှာ စတင် ခွင့်ပြုချိန်မှ ၃ လအတွင်း မြန်မာနိုင်ငံ သို့ တစ်ကြိမ် ၀င်ရောက်ခွင့် ရရှိမည် ဖြစ်ကာ မြန်မာနိုင်ငံ တွင် နေထိုင်ခွင့် ရရှိမည့် ဗီဇာ သက်တမ်းမှာ ၂၈ ရက် ဖြစ်သည်ဟု သိရသည်။ ဗီဇာကြေး ကို လက်ရှိတွင် အမေရိကန် ဒေါ်လာ ၅၀ ဟု ယာယီ သတ်မှတ် ထားကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်တွင် ဒေသတွင်း နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံအား စီးပွားရေး ဆိုက်ရောက် ဗီဇာ စတင် ခွင့်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဥရောပ နိုင်ငံ အများစု ပါဝင်သော ၂၂ နိုင်ငံအား စီးပွားရေး ဆိုက်ရောက် ဗီဇာ ထပ်မံ ခွင့်ပြု ခဲ့ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger