www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 19, 2014

သနပ်ခါးကို မြန်မာမူပိုင်ခွင့် ထားရှိနိုင်ရန် သနပ်ခါးလုပ်ငန်း အစုအဖွဲ့များ ပြန်လည် စုစည်းလျက်ရှိ


ရန်ကုန် ၊ ၁၉-၈-၂၀၁၄

သနပ်ခါး ကို ဂျပန်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့မှ မူပိုင်အဖြစ် ထုတ်ဖော် ပြောကြားမှုများ ပြုလုပ် လာခြင်းကြောင့် မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ မူပိုင်ခွင့် အဖြစ် ထားရှိနိုင်ရေး အတွက် သနပ်ခါး လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး အတွင်း သနပ်ခါး လုပ်ငန်း အစုအဖွဲ့များ ပြန်လည် စုစည်း နေကြောင်း သိရသည်။

ယင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး အတွင်း သနပ်ခါး လုပ်ငန်း အစုအဖွဲ့များ ပြန်လည် စုစည်း နေခြင်းမှာ ယင်း ဒေသကြီး နှစ်ခုမှ သနပ်ခါးစိုက် တောင်သူများ နှင့် ပြန်လည် ရောင်းချသူ လုပ်ငန်ရှင်များ ပါဝင်သော သနပ်ခါး လုပ်ငန်းရှင် အစုအဖွဲ့အား စနစ်တကျ ပြန်လည် စုစည်း ဖွဲ့စည်းရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ  လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း အနေဖြင့် သနပ်ခါး ဈေးကွက် ဖော်ဆောင်ရေး ၊ သနပ်ခါး နှင့် ဆက်စပ်သည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အတူတကွ ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ် သူများအသင်း (မန္တလေး) မှ သိရသည်။

ထို့အပြင် အလှကုန် ထုတ်လုပ် ရောင်းချသူ များနှင့် တိုက်ရိုက် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် စီစဉ် နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ တွင် သနပ်ခါး အဓိက စိုက်ပျိုးသည့် ဒေသများမှာ မန္တလေးတိုင်း ဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး တို့ဖြစ်ပြီး လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း (မန္တလေး) တွင် စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး တို့မှ လုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရသည်။

လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း (မန္တလေး) ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အချိန်တွင် အသင်းဝင်ပေါင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ (၄၃၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger