www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 4, 2014

မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာဟောင်းအား သိမ်းဆည်းရမိ


မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာဟောင်းမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့် မူးယစ်ဆေးဝါး များအား တွေ့ရစဉ်


မိုင်းဆတ် ၊ ၄-၈-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ၊ မိုင်းတွမ်းမြို့ အနီး တစ်ဝိုက်တွင် သြဂုတ်လ ၁ ရက် နံနက် ၁၁ နာရီ၌ တပ်မတော် စစ်ကြောင်း က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာဟောင်းအား တွေ့ရှိ ရှင်းလင်းခဲ့ရာ ၄င်း နေရာမှ စိတ်ကြွဆေးပြား ချက်လုပ်ရန် ဆေးစပ်သည့် နေရာ ၂ နေရာ ၊ WY စာတန်းပါ စွန့်ပစ် ဆေးပြား ၁၂၀၀ ပြား ၊ အမျိုးအမည် မသိ အဖြူမှုန့် မြွေရေခွံအိတ် ၃ အိတ် ၊ မီးစက်အကြီး ၃ လုံး ၊ မီးစက်အသေး ၄ လုံး ၊ စိတ်ကြွ ဆေးပြား အရောင်တင်ဆေး (အစိမ်းရောင်) ၉၇ ထုပ် ၊ အနီရောင် ၁၀၀ ထုပ် ၊ ဆေးပြား ရိုက်သည့် နေရာတွင် အသုံးပြုသည့် ဖောက်စက် တစ်လုံး ၊ စိတ်ကြွ ဆေးပြား ပုံလောင်းသည့်ခွက် ၅ ခု ၊ သစ်သီး ဖျော်ရည်စက် ၂ လုံး ၊ အလေးတုံး ၆ တုံးပါ သေတ္တာ တစ်လုံး ၊ ဖယောင်းတုံး ၅ တုံး ၊ ခြင်လုံဆန်ခါ တစ်လိပ် ၊ ကီလိုချိန်စက် တစ်လုံး ၊ စိတ်ကြွဆေး အရည် ဖျော်စက် တစ်လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိ ပစ္စည်းများအား မိုင်းတွမ်းမြို့ ရဲစခန်း သို့ လုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger