www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 8, 2014

သံတွဲချောင်းရေ မြင့်တက်ပြီး လူနေရပ်ကွက်များ အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်


အနောက်ပိုင်းတိုင်း စစ်ဌာချုပ်မှ တပ်မတော်သား များက
 ရေဘေးသင့် ပြည်သူများအား ကူညီ ရွှေ့ပြောင်းပေးစဉ်


နေပြည်တော် ၊ ၈-၈-၂၀၁၄

ရခိုင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ်လ ၆ ရက် နံနက် ၉ နာရီခန့်မှ စ၍ သံတွဲချောင်းရေ မြင့်တက်လာပြီး သံတွဲမြို့ ပေါ်ရှိ အမှတ်(၁) ရပ်ကွက် ၊ အမှတ်(၂) ရပ်ကွက် ၊ အမှတ်(၄) ရပ်ကွက် နှင့် အမှတ်(၇) ရပ်ကွက် တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များမှ အိမ်ထောင်စု ၈၆ စု ၊ လူဦးရေ ၃၉၄ ဦးတို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တပ်မတော်သား များက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ နှင့်အတူ ပူးပေါင်း၍ ရေဘေး ကင်းလွတ်ရာ မြို့တော်ဦး ဘုန်းကြီးကျောင်း ၊ ဝေဠုဝန် ဘုန်းကြီးကျောင်း နှင့် အံ့တော်တိုက် ကျောင်းများသို့ ကူညီ ရွှေ့ပြောင်း ပေးခဲ့သည်။

ထိုသို့ ရေဘေးနှင့် ကြုံတွေ့ နေရသော ဒေသခံ ပြည်သူများကို တပ်မတော်သား များက စားသောက် ဖွယ်ရာများ နှင့် ဆေးဝါးများ ထောက်ပံ့ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger