www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 9, 2014

Missosologists' Choice ဆု ချီးမြှင့်မည်



ရန်ကုန် ၊ ၉-၇-၂၀၁၄

Miss Golden Land Myanmar 2014 ပြိုင်ပွဲဝင် အလှမယ် လေးများအတွက် Missosologists' Choice ဆုကို World No (1) Beauty Pageants Community ဖြစ်သည့် Missosology မှ သြဂုတ်လ ၂ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည့် Miss Golden Land Myanmar 2014 Final Coronation Night တွင် ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင် ၏ ပြောကြားချက် အရ သိရသည်။

ထို့ပြင် Myanmar's Choice Award အတွက်ကိုလည်း Miss Golden Land Myanmar Facebook Page တွင် ၀င်ရောက်ကာ မိမိ နှစ်သက်ရာ Miss Golden Land အလှမယ် လေး၏ ဓာတ်ပုံကို Like လုပ်ခြင်းဖြင့် Voting ပေးနိုင်ကြောင်း ၊ မဲအများဆုံး ရရှိသော အလှမယ် သည် Myanmar's Choice Award ကို ဆွတ်ခူး ရရှိမည် ဖြစ်သည့် အပြင် ဖိုင်နယ် ပြိုင်ပွဲကြီး ၏ နောက်ဆုံး ဆန်ခါတင် အလှမယ် ၁၅ ဦး စာရင်း တွင်လည်း အလို အလျှောက် ပါဝင်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Missosologists' Choice ဆုကြီးအတွက် တစ်ရက်လျှင် ၅ ကြိမ် မဲပေး ရွေးချယ် နိုင်ပြီဖြစ်ပြီး ယခုအခါ ပြိုင်ပွဲဝင် ခါးနံပါတ် ၁၅ ဟန်သီ က မဲအရေအတွက် အများဆုံးဖြင့် ဦးဆောင်လျက် ရှိကာ တစ်ရက်လျှင် ၅ မဲ ၊ နေ့စဉ် https://www.facebook.com/missosology.info/app_163177517067273 တွင် ၀င်ရောက်ပြီး Voting ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၄၅၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger