www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 23, 2014

ဂျာမနီဗီဇာ လျှောက်ထားလို သူများသည် ကြိုတင်ဗီဇာ လျှောက်ထားရန် အွန်လိုင်းမှ အခမဲ့ ရယူနိုင်



ရန်ကုန် ၊ ၂၃-၇-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ ဂျာမနီဗီဇာ လျှောက်ထား သူများ အနေနှင့် အွန်လိုင်း ရက်ချိန်းယူ စနစ်ဖြင့် လျှောက်ထား ရာတွင် လျှောက်ထားခများ ပေးအပ်ရန် မလိုကြောင်း ဂျာမနီသံရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဇွန်လကုန်မှ စ၍ မြန်မာနိုင်ငံ အတွင်း အွန်လိုင်း ဗီဇာစနစ်ကို စတင် ကျင့်သုံးလျက် ရှိပြီး ဗီဇာ လျှောက်ထားခြင်း များကို အွန်လိုင်း ရက်ချိန်းယူ စနစ် Appointment System ဖြင့် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျာမနီဗီဇာ လျှောက်ထား လိုသူများသည် ကြိုတင် ဗီဇာ လျှောက်ထားရန် အတွက် အွန်လိုင်းမှ အခမဲ့ ရယူနိုင်ကြောင်း သိရသည်။

အွန်လိုင်းဗီဇာ စနစ် စတင် ကျင့်သုံး နေသော်လည်း ဇူလိုင် နောက်ဆုံးပတ် အတွင်းမှသာ လျှောက်ထား နိုင်မည် ဖြစ်ကြောင်း၊ အွန်လိုင်းဗီဇာ အတွက် ရက်ချိန်း မယူမီတွင် ပေးထားသည့် အချက်အလက် များကို သေချာစွာ ဖတ်ရှုရန် လိုအပ်ကြောင်း၊ ယခုအချိန် တွင် ဂျာမနီဗီဇာ လျှောက်ထား လိုသူ အများအပြား ရှိနေပြီး ဗီဇာ လျှောက်ထားပုံ နည်းစနစ်များ သိရှိရန် စုံစမ်း မေးမြန်းမှုများ ပြုလုပ် နိုင်ကြောင်း သိရသည်။

လျှောက်ထား လိုသူများ အနေဖြင့် ဂျာမနီသံရုံး ဝက်ဘ်ဆိုက် ဖြစ်သည့် www.rangun.diplo.de တွင် ဝင်ရောက် လျှောက်ထား ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ Online Appointment System ကို အသုံးပြုခြင်း အားဖြင့် ဗီဇာ လျှောက်ထားသူများ အနေနှင့် သင့်တော်သော ရက်ချိန်းကို အဆင်ပြေစွာ ရယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger