ရန်ကုန် ၊ ၈-၇-၂၀၁၄
မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း နှင့် နယ်စပ် ကုန်သွယ်မှု ကဏ္ဍများမှ နိုင်ငံတော် အတွက် ၃၀ ရာခိုင်နှုန်းသာ အခွန်ဆောင် နေပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ အခွန်ရှောင် နေသည်ဟု မြန်မာနိုင်ငံ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ကော်မတီ မှ သိရသည်။
အဆိုပါ တရားမ၀င် ကုန်သွယ်မှု များကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ Mobile Teams အဖွဲ့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး စီမံချက် အဆင့် (၃) ဆင့်ဖြင့် သတ်မှတ် ဆောင်ရွက်ကာ ပထမအဆင့် အနေဖြင့် နယ်စပ် ၀င်ပေါက်များ နှင့် အဓိကကျသော နယ်စပ် ကုန်သွယ်မှု လမ်းကြောင်း များကို စစ်ဆေးပြီး ဒုတိယအဆင့် အနေဖြင့် ရန်ကုန်မြို့ ရှိ ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းနှင့် မြို့ကြီးများကို တရားမ၀င် တင်သွင်းသည့် ကုန်ပစ္စည်း သိုလှောင်သည့် သိုလှောင်ရုံ များသို့ စစ်ဆေးကာ တတိယအဆင့် အနေဖြင့် ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း နှင့် လေဆိပ်များကို စစ်ဆေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုသည် ပင်လယ် ရေကြောင်းမှ ၈၀ ရာခိုင်နှုန်း ရှိပြီး ကျန် ၂၀ ရာခိုင်နှုန်း အနက် နယ်စပ် ကုန်သွယ်မှု များမှ ၁၃ ရာခိုင်နှုန်းသာ တရားဝင် လမ်းကြောင်းဖြင့် သွားနေသည် ဟု တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီရုံး လုပ်ငန်း ကွပ်ကဲမှု တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးညွန့်အောင် က ပြောသည်။
Mobile Teams အဖွဲ့၏ စီမံချက် အဆင့် (၃)ဆင့် အနက် ပထမအဆင့် နှင့် ဒုတိယအဆင့် သည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်စွာ ဆောင်ရွက် နိုင်သည့် အတွက် ကုန်သွယ်မှု ပမာဏသည် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၄၂ ဘီလီယံ ရရှိရာမှ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၉၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရသည်။
ဆုလာဘ်
#Themyawadydaily
No comments:
Post a Comment