www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 9, 2014

ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၈ ခုတွင် ကျောင်းဆောင်သစ်များ ထပ်မံ တည်ဆောက်မည်


ရန်ကုန် ၊ ၉-၆-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် တိုင်းဒေသကြီး ၃ ခုရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၈ ခုတွင် အဆင့်မီ ကျောင်းဆောင်များ အသစ် ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ၊ ဆေးသိပ္ပံ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တိုင်းဒေသကြီး များမှာ ရန်ကုန်တိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး ၃ ခုရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၈ ခု၌ အဆောက်အအုံ ၁၂ လုံးကို အသစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး ၀န်ကြီးဌာန ဆေးသိပ္ပံ ဦးစီးဌာန မှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင် များအား တင်ဒါ ခေါ်ယူလျက် ရှိပြီး ဇွန်လ ၆ ရက်မှ စတင်၍ အိတ်ဖွင့် တင်ဒါ ခေါ်ယူ ခဲ့ကြောင်း သိရသည်။

ယင်း တင်ဒါခေါ်ယူမှုတွင် တင်ဒါ သွင်းလိုသူများ အနေဖြင့် လုပ်ငန်း တစ်ခုထက် ပို၍ တင်ဒါ သွင်းလိုပါက သက်ဆိုင်ရာ လုပ်ငန်းအလိုက် တင်ဒါ စည်းကမ်း နှင့်အညီ တင်ဒါ အာမခံကြောင်း တစ်ခုချင်း ပေးသွင်းရန် လိုအပ်ကြောင်း ၊ ဇူလိုင်လ ၄ ရက် နောက်ဆုံးထား၍ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ တင်ဒါ တင်သွင်းနိုင်ကြောင်း နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ၃ ခုရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ ဖြစ်သော ဆေးတက္ကသိုလ် ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် နှင့် ဆေးဝါး တက္ကသိုလ် တို့၌ လိုအပ်လျက် ရှိသော သင်ကြားရေးဆောင် ၊ ၀န်ထမ်းအိမ်ရာ ၊ ဆရာ ဆရာမ အိမ်ရာ ၊ စာသင်ဆောင်များ ၊ လက်တွေ့ခန်း ၊ စာမေးပွဲ ခန်းမနှင့် စင်္ကြီလမ်းများ ကို အသစ် ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger