www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 7, 2014

လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၇-၆-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ် ၊ ဘန့်ဘွေးကျေးရွာ အုပ်စု ၊ နောင်တပန် ကျေးရွာ၏ တောင်ဘက် တစ်မိုင်ကျော်ခန့် အကွာ လူသွားလမ်း၏ အပေါ်ဘက် ကိုက် ၅၀ ခန့်ရှိ ကျောက်ဂူအတွင်း၌ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သတင်းအရ တပ်မတော် စစ်ကြောင်း များက သွားရောက် ရှာဖွေရာ ၄င်း ကျောက်ဂူ အတွင်းမှ M-16 မောင်းပြန် ရိုင်ဖယ် ၃ လက်နှင့် ကျည်အိမ် ၃ ခုတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ လက်နက်များသည် မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင် ဆောင်ရွက် နေသူများက ကိုင်ဆောင် အသုံးပြုပြီး မလိုအပ်သည့် အချိန်တွင် ယခုကဲ့သို့ ၀ှက်ထားခြင်း ဖြစ်နိုင်သည်ဟု သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger